

အန်ဒရီကို ခေါ်ယူဖို့ လီဗာပူးအသင်း အကြီးတန်း ဒါရိုက်တာ တစ်ဦးထံက တိုက်ရိုက် ချိတ်ဆက်မှု ရခဲ့ပေမယ့် ဇန်နဝါရီမှပဲ ရောင်းပေးနိုင်မယ်ဆိုကာ ငြင်းဆန်ခဲ့ကြောင်း ဖလူမီနက်စ် ဥက္ကဋ္ဌက ထုတ်ပြောလာပါတယ်။
Al-Ittihad အသင်းက သူတို့ ဆာလာကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အချိန်နောက်ကျခဲ့ပြီ ဆိုတာကို နားလည်သွားပြီလို့ ဆော်ဒီဘက်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဘလွန်းဒီအောဆုအတွက် ဆန်ကာတင် ၃၀ စာရင်းမှာ ဆာလာ ပါဝင်လာပါတယ်။
ဂက်ပိုက သူဟာ တိုက်စစ်သမားဖြစ်ပေမယ့် ကွင်းလယ်ကနေ တိုက်စစ်ကို ကူညီနိုင်သူ အဖြစ်လည်း နည်းပြက မြင်ထားတဲ့အပေါ် သဘောကျနေပါတယ်။
ဒီရာသီ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ကြိုးစား ယှဉ်ပြိုင်မယ်လို့ ဘာ့ဆီတစ်က ထုတ်ပြောသွားပါတယ်။
ဥရုဂွေးအသင်းထံ နံပါတ် ၉ ဝတ်ဆင်ခွင့်ရဖို့ ဒါဝင်က လူးဝစ် ဆွာရက်စ်ကို ခွင့်တောင်းခဲ့ပါတယ်။ ဆွာရက်စ်ကလည်း ဝတ်ပါလို့ ခွင့်ပြုပေးခဲ့တယ်။ ဆွာရက်စ် လက်ရွေးစင်အသင်းနဲ့ လာပူးပေါင်းရင်တော့ နံပါတ် ၉ ကို မယူဘဲ ပြန်ပေးဖို့ ဒါဝင်က ဆုံးဖြတ်ထားပါတယ်။
လီဗာပူးအသင်းဟာ အမရာဘတ်ရဲ့ ကြံ့ခိုင်ရေး အခြေအနေအပေါ် ယုံကြည်မှု မရှိတာကြောင့် ကွင်းလယ်လူကို ခေါ်ယူနိုင်ရေး မကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ထံက ကမ်းလှမ်းမှု ရခဲ့ပေမယ့် ဒီယက်စ်က လီဗာပူးမှာပဲ ဆက်ကစားဖို့ ပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။
ဘလွန်းဒီအော ဆုပေးပွဲအတွက် အကောင်းဆုံး ဂိုးသမား ဆန်ကာတင် စာရင်းမှာ အယ်လီဆန် မပါခဲ့ပါဘူး။ ပရီးမီးယားလိဂ် အကောင်းဆုံး ဂိုးကို ဖြုတ်ထားခဲ့တာက တကယ့် ဟာသပဲလို့ ဝေဖန်နေကြပါတယ်။