
ခံစစ်မှူး ၂ ဦး ခေါ်ယူလိုခြင်း၊ ဂူဟီအတွက် ပဲလေစ့်ဘက်က ပေါင် သန်း ၅၀ ရလို၊ ဗန်ဒုတ် သက်သာလာပြီး ရမ်ဆေး ထွက်ခွာဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ
လီဗာပူးအသင်းဟာ ဒီအပတ်မှာပဲ ခံစစ်မှူး ကွမ်းဆက်ကို လေဗာကူဆင်အသင်းထံ ရောင်းချရေး ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖွယ် ရှိနေပါတယ်။ ဂျာမာန်သတင်းတွေမှာတော့ နှစ်သင်းဟာ ပေါင် ၃၅ သန်းဝန်းကျင်နဲ့ အဆင်ပြေမယ်လို့ ဆိုနေကြပြီး အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သားကို လီဗာပူးဘက်က အလိုရှိရင် ပြန်ခေါ်ယူခွင့် ထည့်သွင်းလိုတယ်လို့ ဆိုပါတယ်။ […]