

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံရကြောင်း နည်းပြအာနယ် ဆလော့က အတည်ပြုပါတယ်။
ကာကက်ဇ်ရဲ့ ရာသီအဖွင့်ပွဲစဉ် ၂ ခုအတွင်း ရုန်းကန်နေရမှုဟာ ဆန်မီညိုနဲ့ အီလန်ဂါလို ခက်ခဲတဲ့ ပြိုင်ဘက်တွေကို အသင်းသစ်နဲ့အတူ ရင်ဆိုင်နေရခြင်းကလည်း အဓိကကျတယ်လို့ အာနယ် ဆလော့က ပြောပါတယ်။
ကွင်းလယ်လူ မာကာဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ပြီဖြစ်သလို ဘရတ်ဒလေကလည်း အသင်းနဲ့ ဆက်တိုက် လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။
အီတလီလက်ရွေးစင်အသင်းဟာ လီဗာပူးခံစစ်မှူး လီယိုနီကို နိုင်ငံတကာသီတင်းပတ် လူစာရင်းအတွက် ရွေးချယ်သွားပါတယ်။
လိုက်ဇစ်ဟာ စပါးကို ပြောင်းသွားတဲ့ ဇာဗီ ဆိုင်မွန်နေရာ ဟာဗေးနဲ့ အစားထိုးဖို့အတွက် လီဗာပူးအသင်းကို ချိတ်ဆက်မှု စတင်ထားပါတယ်။
ဟူဂိုက နယ်မြေသစ်မှာ အခြေကျဖို့ အကောင်းဆုံး ကြိုးစားပြနေပြီး သူ့ထံကနေ ဘောလုံးမပါဘဲ ပြင်းထန်စွာ အားထုတ်တဲ့ အပိုင်းမှာ ပိုတိုးတက်လာတာမျိုး မြင်လိုတယ်လို့ အာနယ် ဆလော့က အသိပေးပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အာဆင်နယ်အသင်း ရသွားနိုင်တယ်လို့ မိုဆာလာက ပြောပါတယ်။ မန်စီးတီးနဲ့ လီဗာပူးကတော့ အပြောင်းအလဲ အရမ်းကြီးထားတာမို့ အတည်ငြိမ်ဆုံး လူစာရင်းရှိထားတဲ့ အာဆင်နယ်ကို မိုဆာလာက ရေပန်းစားအသင်းအဖြစ် နေရာပေးထားပါတယ်။
စျေးကွက်မပိတ်ခင် အီဆက်ကို ခေါ်ယူနိုင်ဖို့က ဖြစ်နိုင်ချေရှိတဲ့ ကိစ္စအဖြစ် ရှုမြင်ခံနေရပြီး လီဗာပူးဘက်ကတော့ ကမ်းလှမ်းမှုပေးဖို့ ပြင်ဆင်ထားပါပြီ။
ပဲလေစ့်ဘက်က စျေးကွက် မပိတ်ခင် ခံစစ်မှူးသစ် ရှာနေပေမယ့် ရဖို့ မလွယ်ကူတာကြောင့် ဂူဟီကို ဆက်ထိန်းမှဖြစ်ကာ ရာသီကုန်မှ အလွတ်ဖြင့် ထွက်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။
ဘယ်အစွန်လူ ကိုစတက်ရဲ့ ရိုးမားအသင်းထံ အငှားထွက်ဖို့ ကိစ္စဟာ မကြာခင် ပြီးပြတ်တော့မှာပါ။ စာချုပ်မှာတော့ အငှားသီးသန့်ဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့် မထည့်ထားကြပါဘူး။