ကလော့ပ်လက်ထက်ကနဲ့မတူ ကွဲပြားတဲ့ ကွင်းလယ် ဝင်ရိုးကို ရှာဖွေတွေ့နေတဲ့ အာနယ် ဆလော့

September 4, 2024 LFC2 0

ယာဂင်ကလော့ပ် နေရာ ဆက်ခံသူ နယ်သာလန်သား နည်းပြ အာနယ် ဆလော့ဟာ တူညီတဲ့ လူစာရင်းကိုမှ နေရာချပုံ အပြောင်းအလဲနဲ့အတူ ကောင်းမွန်တဲ့ စနစ် တစ်ခုကို ခပ်မြန်မြန် ရှာဖွေထားနိုင်ပါတယ်။ အာနယ် ဆလော့ဟာ နည်းပြကြီးကလော့ပ် ထားခဲ့တဲ့ လူစာရင်းကိုပဲ အဓိက ကိုင်တွယ်ရာမှာ အပြောင်းအလဲ အချို့ […]

ဆာလာ တောက်ပနေပြီး ပိုကောင်းလာတဲ့ ကွင်းလယ်၊ ဂန္တဝင်အခိုက်အတန့်၊ ပွဲအပြီးခင် ထပြန်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်များ၊ ဆလော့ ကျော်ဖြတ်နေတဲ့ ဟန်းနီးမွန်းကာလနဲ့ ယူနိုက်တက် နိုင်ပွဲမှ စကားစမြည်း ပြောစရာများ

September 2, 2024 LFC2 0

ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် အနိုင်ရအပြီး ပြောစရာ အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ စကားစမြည်းလေး လုပ်သွားမှာပါ။ ပွဲအတွင်း တိုးတက်သွားတဲ့ တိုက်စစ်သမားများ ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်က ကနဦးပိုင်းမှာ တွဲဘက်ကစားနိုင်စွမ်း အားနည်းပြီး ယူနိုက်တက်ရဲ့ တရစပ် ဖိအားပေးမှုအောက်မှာ ဟန်ချက်တွေ […]

ကစားသမားတွေရဲ့ ဉာဏ်ကွန့်မြူးမှုမှာ သတိကပ်စေခြင်း၊ အဓိက အသင်းသား တစ်ဦး မရှိရင် တူညီတဲ့ စွမ်းဆောင်ရည် ပြနိုင်ဦးမှာလား၊ ဘယ်သူ ဆရာလဲ ပြခဲ့တဲ့ ဆလော့နဲ့ ဘရန့်ဖိုဒ့်ပွဲအပြီး စကားပြောစရာများ

August 26, 2024 LFC2 0

အန်ဖီးမှာ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ကစားတဲ့ပွဲအတွင်း လီဗာပူးဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပြန်ပါတယ်။ ဒီနောက်ပိုင်းမှာ ဘောလုံးပွဲတွေကို ဟိုက်လိုက်လောက်ပဲကြည့်ပြီး ထင်မြင်ချက်ပေးမှုတွေ သိပ်များပါတယ်၊ မိနစ် ၉၀ အတွင်းမှာ ဘယ်ကစားသမားမှ စင်းလုံးချော မကောင်းသလို ပြည့်စုံနေတာလည်း မရှိပါဘူး။ ဒီတော့ ပွဲထဲမှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေက ထူးထူးခြားခြားဖြစ်မလဲ […]

ဆောင်းပါး| လူသစ် မခေါ်နိုင်ပေမယ့် ပြတ်သားတဲ့ ရစ်ချက်ဟုချ်က ဇီးရိုးသမားလား ဟီးရိုးလိုလူလား

August 21, 2024 LFC2 0

စီနီယာအဆင့်မှာ လီဗာပူးရဲ့ အပြောင်းအရွှေ့တွေ တိတ်ဆိတ်နေတာက စိတ်ပျက်ဖို့ ကောင်းပေမယ့် အင်္ဂလန်ရဲ့ အကောင်းဆုံး လူငယ်တွေကို အသင်းထံ ခေါ်ယူရေး လှုပ်ရှားမှုတွေကတော့ ပိုမို အားကောင်းလာနေပါတယ်။ The Athletic က ဖော်ပြချက်အရ လီဗာပူးအသင်းဟာ လက်ရှိ နွေစျေးကွက်မှာ ဝုဗ်အသင်းမှ အသက် ၁၆ နှစ်ပဲ […]

စီနီယာတွေ ပွဲတန်ပို မရသေးခြင်း၊ ဂရာဗင်ဘက်ချ် တောက်ပပြီး ရိုဘို လိုအပ်ချက်တွေ ရှိခဲ့ခြင်း၊ တည်ငြိမ်မှုပြခဲ့တဲ့ အာနယ် ဆလော့နဲ့ အစ်ဝစ်ချ်နိုင်ပွဲမှ စကားပြောစရာများ

August 18, 2024 LFC2 0

ဂျိုတာ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှ ပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ရအောင်ပါ။ အစ်ဝစ်ချ်ပွဲမှ စကားပြောစရာ နှစ်ဦး ဒီပွဲဟာ ဆီးဗီးလာပွဲတုန်းက လူစာရင်းကို အခြေခံခဲ့ထားပြီး ကိုစတက် အစား ရော်ဘတ်ဆန် ပါဝင်တာလောက်ပဲ အပြောင်းအလဲ ရှိခဲ့ပါတယ်။ ရိုဘိုရဲ့ ခြေစွမ်းဟာ […]

လီဗာပူးအသင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦးနဲ့ အင်္ဂလန် ကွင်းလယ်မှာ ထရန့် မအောင်မြင်ခြင်းရဲ့ သက်ရောက်မှု

June 30, 2024 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်နေရာကို အဓိက အားဖြည့်မှုလုပ်မလဲ ချိန်ဆမှု လုပ်နေခဲ့ကာ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ်နဲ့ တောင်ပံတိုက်စစ်တွေထဲက တစ်နေရာအတွက် ငွေသုံးမှုကြီး လုပ်ဖို့ လျာထားပါတယ်။ ကလပ်ဟာ အာနယ် ဆလော့ရဲ့ ၄-၂-၃-၁ ကစားကွက်မှာ အဓိက ပွဲထွက်နိုင်မယ့်သူတွေကို အကဲဖြတ်နေသလို ဘယ်နေရာတွေမှာ လိုအပ်ချက်များသလဲ ရှာဖွေ […]

ဆောင်းပါး | ယာဂင်ကလော့ပ်နဲ့ အာနယ် စလော့ကြား လီဗာပူး တည်ဆောက်ပုံက ဘာတွေကွာခြားသွားမှာလဲ

May 22, 2024 LFC2 0

လီဗာပူးအသင်း ပိုင်ရှင်တွေဟာ အမေရိကန်အားကစားလောကကနေ လာကြသူတွေဖြစ်တာနဲ့အညီ သူတို့ရဲ့ အုပ်ချုပ်မှုစနစ်ဟာ ခေတ်ရှေ့ပြေးပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပိုင်ရှင်တွေဟာ ဘောလုံးကို ဦးနှောက်နဲ့ အုပ်ချုပ်သူတွေဖြစ်လို့ ရေရှည်အတွက် ပိုကြည့်ပြီး ကာလတို ဆုံးဖြတ်ချက်တွေကိုလည်း ရှောင်ရှားလိုကြပါတယ်။ ဒီအချက်မှာ သူတို့နဲ့ ပရိသတ်တွေကြား မကြာခဏ သဘောထား မတိုက်ဆိုင်မှု ရှိထားပါတယ်။ ဥပမာအားဖြင့် […]

ဆောင်းပါး | လီဗာပူးအသင်းက အမ်မိုရင်းကို ဖယ်ထုတ်ပြီး အာနယ်ဘက်ကို ဦးလှည့်သွားရခြင်း အကြောင်းရင်း

April 26, 2024 LFC2 0

လီဗာပူးအသင်းဟာ နည်းပြကလော့ပ်နေရာ အစားထိုးဖို့အတွက် ဒေတာအဖွဲ့ရဲ့ အကူအညီနဲ့အတူ ဥရောပတလွှားက လူငယ်နည်းပြများစွာကို စောင့်ကြည့်မှု လုပ်ခဲ့ပါတယ်။ စပို့တင်းနည်းပြ အမ်မိုရင်းနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ဟာ ရေပန်းစားမှု ထိပ်ဆုံးမှာ ပါဝင်ခဲ့ပေမယ့် ရုတ်တရတ်ပဲ အခြေအနေတွေ အားလုံးက ပြောင်းလဲလာခဲ့ပြီး နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ နည်းပြ အာနယ်စလော့ပ်ကို ဦးစားပေးအဖြစ် […]

ဆောင်းပါး | လီဗာပူးက အန်းစလော့ကို နည်းပြသစ်အဖြစ် ရွေးချယ်မယ့် အဓိက အကြောင်းရင်းများ

April 24, 2024 LFC2 0

လီဗာပူးအသင်းဟာ ကလော့ပ်နေရာ ဆက်ခံသူအဖြစ် ရွေးချယ်မှုအတွင်း ဖီယင်နုနည်းပြ အန်းစလော့ကို ဆက်သွယ်ခဲ့ပြီဖြစ်ပါတယ်။ နယ်သာလန်သားဟာ လီဗာပူးရဲ့ ရွေးချယ်မှုမှာ ဦးစားပေးနေရာကိုလည်း ရောက်လာနေပါတယ်။ အခုချိန်ထိတော့ သူဟာ လီဗာပူးနည်းပြ ဖြစ်လာရမယ်လို့ အသေအချာ ဆုံးဖြတ်ထားတာမျိုး မဟုတ်ပေမယ့် အသင်းဘက်က အတော်လေး အကြိုက်တွေ့နေပါပြီ။ အန်းစလော့ကို လီဗာပူးနည်းပြအဖြစ် ရွေးချယ်ကြမယ့် […]

ထရန့်၊ ဂက်ပိုတို့ တောက်ပခဲ့ကာ စီနီယာအချို့ရဲ့ ခြေစွမ်းက ဆက်လက် စိတ်ပျက်နေရခြင်းနဲ့ ဖူလ်ဟမ် နိုင်ပွဲအပြီး စကားစမြည်း ပြောစရာများ

April 22, 2024 LFC2 0

ထရန့်နဲ့အတူ လီဗာပူးကို ဆွဲတင်ခဲ့တဲ့ ကွင်းလယ် ဒီပွဲမှာ နည်းပြကလော့ပ်ဟာ မာကာ၊ ဆိုဘိုတို့ကို အနားပေးပြီး လန်းဆန်းနေမယ့် ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့ကို အန်ဒိုနဲ့ တွဲပေးကာ ထရန့်ကိုပါ ကွင်းလယ်ထဲ ဝင်ကူစေခဲ့ပါတယ်။ ဒီကွင်းလယ်ဟာ ပထမပိုင်းမှာထက် ဒုတိယပိုင်းမှာ ပိုထူးချွန်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အန်ဒို အတော် ရုန်းနေရပြီး […]