

ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် လက်စတာကို အိမ်ကွင်းမှာ ဧည့်ခံရာမှာ ပထမပိုင်း ၁-၀ ဖြင့် အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂက်ပို၊ ဆိုဘို၊ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
DIOGO JOTA WITH THE MOST DEFT FINISH YOU’LL EVER SEE
Liverpool 3-1 Leicester. pic.twitter.com/eR4wSBBQBV
— Watch LFC (@Watch_LFC) September 27, 2023
လီဗာပူးအသင်းဟာ ကာရာဘောင်း စတုတ္ထအဆင့်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လက်စတာကို အနိုင်ရတဲ့ မနက်ကပွဲမှာ ဂိုးထောက်ပံ့မှု တစ်ကြိမ် လုပ်နိုင်ခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ ဖန်တီးမှု အများဆုံး (၄ ကြိမ်) လီဗာပူးအသင်းသားလည်း ဖြစ်ခဲ့ပါတယ်။
လက်စတာပွဲ ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ ဝါတာရုရဲ့ ခြေစွမ်းကို ပရိသတ်တွေက သဘောကျနေပြီး လီဗာပူးဂျာစီ ဝတ်ဆင်ကစားပြီး အကောင်းဆုံး စွမ်းဆောင်ရည် မြင်ရခြင်းလို့ ချီးကျူးခဲ့ကြပါတယ်။
ပွဲကို ဦးဆောင်ခွင့်ရစေမယ့် သွင်းဂိုးကို ဆိုဘိုစလိုင်က ဧရိယာထိပ်ကနေ အပြင်း ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးအတွက် ကျေနပ်မိသလို အသင်းကို ရောက်လာပြီးတည်းက ဦးဆောင်ဂိုးပေးရတိုင်း အမြဲ ပြန်လာနိုင်ခဲ့တယ်လို့ သူက မှတ်ချက်ပေးပါတယ်။
DOMINIKKKKKKKKKKKKK SZOBOSZZZZZZLAAAIIIIIIIIIIIpic.twitter.com/oEu9oghbQ5
— Watch LFC (@Watch_LFC) September 27, 2023
ဆိုဘိုကို ဘယ်နေရာတွေကနေ ဂိုးကန်သွင်းပါလို့ မှာထားခြင်း မရှိဘဲ ကွင်းလယ်လူဟာ သူ့ဘာသာ စွမ်းဆောင်ပြနေတာပါလို့ ကလော့ပ်က ချီးကျူးပြီး ဒီလို ခြေစွမ်းတွေကို အကြာကြီး မြင်ရဦးမယ်လို့ အသိပေးလာပါတယ်။
မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်နဲ့ အန်ဒိုလို ကစားသမားသစ်တွေဟာ ဒီရာသီမှာ သွင်းဂိုး ၆ ဂိုးအတွက် ပါဝင်ထားပါပြီ။ ဒါဟာ မနှစ်ကရာသီ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ကိတ်တာ၊ မီလ်နာနဲ့ ချိန်ဘာလိန်တို့ တစ်ရာသီလုံး လုပ်နိုင်ခဲ့တာထက် ပိုများပါတယ်။
ကာတစ်ဂျုံးဟာ ကာရာဘောင်း တတိယအဆင့် ပွဲစဉ်အတွက် အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ခွင့်ရခဲ့ပါတယ်။ သူထွက်သွားချိန်မှာတော့ ဂိုးသမား ကလယ်ဟာဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ခွင့်ရခဲ့ပါတယ်။
နည်းပြကလော့ပ်ကတော့ ညာအစွန် ကစားပေးရင် အသင်းခေါင်းဆောင် လက်ပတ်ပေးမယ်လို့ ဂျုံးကို အပေးအယူ လုပ်ခဲ့တာလို့ ဟာသဖောက်သွားပါတယ်။
မတ်ဒီဆန်ရဲ့ ဒူးဒဏ်ရာက အကောင်းမြင်စရာ တိုးတက်မှုရှိနေတာမို့ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ စပါးသတင်းထောက်တွေက ဖော်ပြပါတယ်။