

မနက်က ယှဉ်ပြိုင်ကစားတဲ့ တူးလုစ့် ၃-၂ လီဗာပူး ပွဲစဉ်မှာ ခံစစ်မှူး ကွမ်းဆက်ဟာ ဒရာမာဆန်ဆန် နောက်ဆုံးမိနစ် သွင်းဂိုး သွင်းယူခဲ့ပေမယ့်လို့ ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။
ကွမ်းဆက်ရဲ့ သွင်းဂိုး မတိုင်ခင် ကစားကွက် တည်ဆောက်မှုမှာ မက်ကယ်လစ္စတာရဲ့ ချက်ပိုင်းက တစ်ဆင့် ဘောလုံးက လက်မောင်းအောက်ဘက်ကို ထိခဲ့တာပါ။ ယူအီးအက်ဖ်အေ စည်းမျဉ်းအရ ဒါဟာ ခွင့်ပြုရမယ့် အခြေအနေဖြစ်ပါတယ်။
ယူအီးအက်ဖ်အေကတော့ ” ဘုတ်အဖွဲ့က ဆုံးဖြတ်ရာမှာ ကစားသမား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ပြန်ဆင်ထွက်ပြီး လက်ကို ထိခဲ့လို့ အဲ့ဖြစ်ရပ်ကနေ ဂိုးရခဲ့မယ်ဆိုရင် handball အဖြစ် မသတ်မှတ်ဘူးဆိုတာ ယူအီးအက်ဖ်အေက ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ် ” လို့ ဖော်ပြထားခဲ့တယ်။
The handball that cost Liverpool a point and Jarell Quansah his first ever goal.
There appeared to be a LOT of confusion on the face of the referee but was it the correct call?#beINUEL #LIV pic.twitter.com/3OYtINGUOG
— beIN SPORTS (@beINSPORTS_EN) November 9, 2023
ဒါပေမယ့်လို့ မက်ကယ်လစ္စတာရဲ့ ဝမ်းဗိုက်ပိုင်းကနေ ပြန်စင်ထွက်ခဲ့တဲ့ ဘောလုံးကနေ နောက်ပိုင်း ကွမ်းဆက် ဂိုးသွင်းခဲ့ချိန်မှာတော့ တူးလုစ့် ကစားသမားတွေ ဝိုင်းပြီး ဖိအားပေးခြင်းက တစ်ဆင့် ကွင်းလယ်ဒိုင်က ပယ်ဖျက်သွားခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်ဟာ ပရီးမီးယားလိဂ်မှာဆိုရင်တော့ ထည့်စဉ်းစားရတဲ့ ကိစ္စတောင် မဟုတ်တော့ပါဘူး။ တိုက်စစ်၊ ခံစစ် အခြေအနေမှာ ခန္ဓာကိုယ်ကို ထိမိလို့ လမ်းကြောင်းပြောင်းပြီး လက်ထိတဲ့ ဖြစ်ရပ်တွေကို အရေးယူခြင်း မရှိတော့ပါဘူး။
ကွမ်းဆက်ရဲ့ သွင်းဂိုးဟာ မှားယွင်းပြီး ပယ်ဖျက်ခဲ့တာလို့ ကျွမ်းကျင်သူတွေကလည်း ဆိုနေကြပြီး ကွင်းလယ်ဒိုင်ရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ဟာ ယူရိုပါလိဂ် အုပ်စုတွင်း အခြေအနေကို ပြောင်းလဲသွားတဲ့ထိ သက်ရောက်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ လီဗာပူးက ၉ မှတ်၊ တူးလုစ်က ၇ မှတ်ဖြစ်ကာ အုပ်စုဗိုလ် နေရာအတွက် လက်ကျန် ၂ ပွဲမှာ နိုင်ပွဲတွေ ယူဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။