

ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အပြီးမှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၁ မှတ်၊ တတိယနေရာက အာဆင်နယ်ကို ၂ မှတ် ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။
လေဗာကူဆင် နည်းပြဖြစ်သူ အလွန်ဆိုကို ရဖို့အတွက် လီဗာပူးအသင်းက ဂျာမာန်ကလပ်ကို နည်းပြတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်း အထက် ပေးရမယ်လို့ သိရပါတယ်။
လီဗာပူး vs မန်စီးတီး ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် အိုလီဗာက တာဝန်ယူသွားပါမယ်။
လီဗာပူးအသင်းမှာ ဂျိုကာ တစ်ဦးလို ခြေစွာနေတဲ့ ဂျိုးဂိုးမက်စ်ဟာ ၂၀၂၄ ယူရို ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ရွေးချယ်ခံရသင့်တယ်လို့ လီဗာပူး သတင်းထောက်တွေက လုံ့ဆော်နေပါတယ်။
ယူရိုပါလိဂ်ပွဲကြို လီဗာပူးအသင်း လေ့ကျင့်ရေးထံ မိုဆာလာ ပြန်လည် ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
အီဂျစ်အသင်းကတော့ မတ်လ နိုင်ငံတကာ သီတင်းပတ်မှာ ချစ်ကြည်ရေးပွဲလောက် ကစားရမှာဖြစ်ပေမယ့် ဆာလာကို ခေါ်ယူကာ အာဖရိကဖလားပွဲစဉ်အတွင်း လီဗာပူးနဲ့ မကျေလည်မှုကို ရှေ့ဆက်မှာဖြစ်ပါတယ်။
ဂိုးမက်စ်အတွက် ပထမဆုံး ဂိုးရနိုင်ရေး ပင်နယ်တီ ကန်ခွင့်ပေးမယ်လို့ ကလော့ပ်က ထုတ်ပြောပါတယ်။ ဒါပေမယ့် အသင်းက ၄-၀ နဲ့ နိုင်နေရမှာဖြစ်သလို ပွဲချိန် ၈၉ မိနစ်လောက်မှာ ပင်နယ်တီရမှပါလို့ စနောက်ခဲ့ပါတယ်။
Former Liverpool FC Director of Research, Ian Graham, has written a book called "How to Win the Premier League: The Inside Story of Football’s Data Revolution". Out this summer. pic.twitter.com/ddR4pd6E8Z
— James Nalton (@JDNalton) March 4, 2024
လီဗာပူးအသင်း ဒေတာသုတေသန ဒါရိုက်တာဟောင်း အိုင်ရမ် ဂရေဟမ်ကတော့ “How to Win the Premier League: The Inside Story of Football’s Data Revolution” အမည်ရတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် အမရာဘတ်၊ အန်ဒိုတို့ကို ဒေတာစိစစ်မှုတွေ လုပ်ရာမှာ အမရာဘတ်ဟာ ပရီးမီးယားလိဂ်လို နေရာအတွက် နှေးကွေးလွန်းကြောင်း နားလည်ခဲ့တာကြောင့် တရားဝင် ချိတ်ဆက်မှု မလုပ်ခဲ့ခြင်းဖြစ်ပါတယ်။