

ဘရိုက်တန်ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် David Coote တာဝန်ယူမှာဖြစ်ကာ VAR ဒိုင်အဖြစ်တော့ Paul Tierney က တာဝန်ယူပါမယ်။
ညက အင်္ဂလန် ယူ-၂၁ အသင်းအတွက် ပွဲထွက်ရာမှာ ဟာဗေးက ဂိုးထောက်ပံ့မှု ၂ ကြိမ် ထပ်လုပ်ပေးနိုင်ခဲ့ပါတယ်။
ဂျာမနီကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး နယ်သာလန် အသင်းခေါင်းဆောင် ဗန်ဒိုက်က မူဆီယာလာနဲ့ ဝက်ဇ်တို့ကို ချီးကျူးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ ပစ်မှတ် တိုက်စစ်သမားတွေကို ခေါ်ယူချိန်တိုင်း ဗန်ဒိုက်ထံက အမြင်ကို တောင်းခံလေ့ ရှိပါတယ်။
အင်္ဂလန် ၂-၂ ဘယ်ဂျီယံပွဲမှာ ပွဲအစောတည်းက လူစားဝင်ခဲ့တဲ့ ဂိုးမက်စ်ဟာ ပွဲချိန် ၁၀၅ မိနစ်ထိကို ကစားခွင့်ရခဲ့ပါတယ်။
စကော့တလန်ပွဲမှာ ရော်ဘတ်ဆန် ဒဏ်ရာရသွားပါတယ်။ ဘယ်လောက် ပြင်းထန်တယ်တော့ မသိရသေးပေမယ့် သီတင်းပတ် ၁ ပတ်ကနေ ၄ ပတ်ထိ ကြာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
စကော့တလန်က မြောက်အိုင်ယာလန်နဲ့ ရင်ဆိုင်ရင်း ၁-၀ နဲ့ ရှုံးခဲ့ခြင်းဖြစ်ကာ သွင်းဂိုးကို ဘရတ်ဒလေက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုးဟာ ဘရတ်ဒလေရဲ့ ပထမဆုံး လက်ရွေးစင် သွင်းဂိုးဖြစ်ပါတယ်။
Conor Bradley scores goal for his country 🔥🔥 pic.twitter.com/aiWUX3XDQv
— Gaurav Gulati (@gulatiLFC) March 27, 2024
FSG နဲ့ အတ်ဝပ်တို့ဟာ အမေရိကန်အဖွဲ့ထံ ၁၀% ရင်းနှီးမြုပ်နှံထားတဲ့ RedBird အဖွဲ့ ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ ပြင်သစ်ကလပ် Toulouse ကို ရင်းနှီးမြုပ်နှံဖို့ လေ့လာနေပါတယ်။
လီဗာပူးအသင်းက အာမိုရင်းကို ခေါ်ယူလိုရင် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၂၅ သန်း ဝန်းကျင် ပေးရမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ ကင်ထောက်နဲ့ ညိနှိုင်းရေးမှူး Craig McKee ကိုလည်း ဆက်လက် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ ဒီနွေမှာ ဘုန်းမောက်ကနေ လီဗာပူးကို ရောက်လာမယ့် ၃ ဦးမြောက် ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်က ထရန့်ကို စိတ်ဝင်စားမှုဟာ သာမာန် သတင်းလောက် မဟုတ်ဘဲ အလေးအနက် စောင့်ကြည့်နေမှု ဖြစ်လာနေပါတယ်။
လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကတော့ သူ့ရဲ့ သားအပေါ် အမြဲတမ်း စိတ်အားထက်သန်မှု ပြခဲ့တာက လီဗာပူးပါလို့ ထပ်မံ ထုတ်ပြောလာပါတယ်။ စပိန်ကလပ်တွေဘက်က စိတ်ဝင်စားမှု အမြဲရှိနေပေမယ့် လက်တလောဖြစ်လာမယ့် ကိစ္စလို့ သူကတော့ မမြင်ပါဘူး။