

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်း တိုက်စစ်မှူး အီဗန် ဖာဂူဆန်ဟာ သူ့ရဲ့ ultimate striker ဖန်တီးမှုမှာ ဒါဝင်ရဲ့ အရည်အချင်း နှစ်ရပ်ကို ထည့်သွင်းခဲ့ပါတယ်။
လှုပ်ရှားမှု – ” ဒါဝင် နူးညက်စ် ”
မြန်နှုန်း – ” အမ်ဘာပေ ”
ခေါင်းတိုက်ဘော – ” ဒရော့ဘာ ”
အဆုံးသတ် – ” ဟယ်ရီကိန်း ”
ခွန်အား – ” အန်ကင်ဖန်ဝါ ”
ဖြတ်ကျော်မှု – ” မက်ဆီ ”
ချိတ်ဆက်မှု – ” ဝိန်းရွန်းနီ ”
လှုပ်အားနှုန်း – ” ဒါဝင်ကိုပဲ ထပ်ရွေးရပါမယ်။ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ဒါဝင်ရဲ့ အရည်အချင်းတွေအား ဖာဂူဆန် မြင်ခဲ့ခြင်းကို သဘောကျခဲ့ကြကာ ဘရိုက်တန်တိုက်စစ်မှူးဟာ လီဗာပူးပရိသတ်များလား မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။