အာနယ် ဆလော့က သူ့လို မဟုတ်ဘဲ ကံကောင်းတယ်လို့ မှတ်ချက်ပေးလိုက်တဲ့ ယူနိုက်တက် နည်းပြတန်ဟက်

နယ်သာလန်ပြည်တွင်းမှာ အာနယ် ဆလော့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ တနိုင်ငံတည်းသား နည်းပြဖြစ်သူ ယူနိုက်တက်နည်းပြတန်ဟက်ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းလာတဲ့ ဆလော့ကို ကြိုဆိုလိုက်ပါတယ်။

တန်ဟက်ကတော့ အာနယ်ဟာ သူ့တုန်းကထက် ပိုကောင်းတဲ့ ဖွဲ့စည်ပုံ အခြေခံတွေရှိတဲ့ အသင်းကောင်းတစ်သင်းကို ဆက်ခံရမှာလို့ ယုံကြည်နေပါတယ်။

နယ်သာလန် နည်းပြနှစ်ဦးဟာ ပြည်တွင်းလိဂ်မှာ အပြိုင်ဖြစ်ခဲ့ကြဖူးပြီး ဆလော့က အေဇက် အယ်ကဗာ၊ ဖီယင်နု အသင်းတို့ဖြင့် တန်ဟက်ရဲ့ အေဂျက်ကို ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

ဆလော့ဟာ နယ်သာလန် ဘောလုံးလောကမှာ လေးစားခံ လူငယ်နည်းပြတစ်ဦးဖြစ်ပြီး အင်္ဂလန်ကို ဒေသတွင်း နည်းပြတွေ ရောက်လာကြတာ ကောင်းတဲ့ ကိစ္စဖြစ်ကြောင်းနဲ့ အန်ဖီးဟာ ပိုကောင်းတဲ့ အခြေခံ အုတ်မြစ်ရှိတဲ့ အသင်းလို့ တန်ဟက်က မှတ်ချက်ပေးပါတယ်။

တန်ဟက်က “ လီဗာပူးအသင်းမှာ အာနယ် ဆလော့ရဲ့ အတွေးအခေါ်တွေက အံဝင်မှာဖြစ်ပါတယ်။ ဒတ်ချ်နည်းပြသမားတွေအတွက် သူ အင်္ဂလန်ကို ရောက်လာတာက ကောင်းတဲ့ကိစ္စလည်း ဟုတ်ပါတယ်။

ယာဂင်ကလော့ပ်နဲ့ ပပ်လင်ဒါးတို့က ကောင်းမွန်တဲ့ အခြေခံကောင်းတွေ ထားခဲ့ပြီး ထွက်ခွာသွားမှာပါ။ အာနယ် ဆလော့က ကျနော် နယ်သာလန်ကနေ ယူနိုက်တက်ကို ပြောင်းလာစဉ်ကထက် ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရမှာပါ။

ကလပ်တည်ဆောက်ပုံ၊ လူစာရင်း ဟန်ချက်ညီမှုတွေမှာ လီဗာပူးက အခြေခံကောင်းတွေ ရှိထားပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ရာသီမှာ ဆလော့နဲ့ တန်ဟက်ကြား ပြိုင်ဆိုင်မှုမျိုး မြင်ရမလားကတော့ မသေချာသေးဘဲ ယူနိုက်တက်ဟာ နည်းပြအပြောင်းအလဲ ပြုလုပ်နိုင်တယ် သတင်းထွက်နေတာ ဖြစ်ပါတယ်။