အကြောင်းရင်း (၃) ချက်ကြောင့် လီဗာပူးက အော်မိုကို ခေါ်ယူဖို့ ကြိုးစားဖွယ် မရှိပါဘူး

ဒီတလောမှာ ဇူလိုင်လ ၁၅ ရက်နေ့ မတိုင်ခင် ပေါင် ၅၁ သန်းဖြင့် ခေါ်ယူနိုင်မယ့် လိုက်ဇစ် ကွင်းလယ်လူ အော်မိုကို လီဗာပူးကလည်း စိတ်ဝင်စားနေသလို ခေါ်ယူနိုင်ဖို့ အရေးသာနေကြောင်း ဂျာမနီနဲ့ စပိန်သတင်းတွေက ဖော်ပြနေပါတယ်။

လီဗာပူးနဲ့ နီးစပ်သူတွေကတော့ အော်မိုကို အသင်းဘက်က စိတ်ဝင်စားကြောင်း ဖော်ပြမှု နည်းပါးသလို ဒီတလောမှာ သူတို့ ဖော်ပြနေတဲ့ အပြောင်းအရွှေ့ သတင်းတွေကလည်း အသက် ၂၂ နှစ်အောက် ကစားသမားမျိုးတွေနဲ့ဖြစ်ပါတယ်။

စပိန်ကွင်းလယ်လူ အော်မိုဟာ အောက်ပါ အချက် ၃ ချက်ကြောင့် လီဗာပူးရဲ့ ပစ်မှတ်ဖြစ်လာဖွယ် မရှိကြောင်း LFCThaDin ဖတ်ရှုသူတွေကို အသိပေးလိုပါတယ်။

ဒဏ်ရာမှတ်တမ်း။ ။ အော်မိုဟာ ကုန်ခဲ့တဲ့ ၃ ရာသီအတွင်း ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တာဟာ ၆၈ ပွဲထိ ရှိထားပါတယ်။ လီဗာပူးအသင်းဟာ ကစားသမားတွေရဲ့ ဒဏ်ရာ မှတ်တမ်းကို ဂရုစိုက်လေ့ရှိပြီး အော်မိုလို အနေအထားမျိုးကို သဘောမကျတတ်ပါဘူး။

အသက်အရွယ်။ ။ တိုက်စစ်အားသန် စပိန်သားက အသက် ၂၆ နှစ်အရွယ် ရှိနေပါပြီ။ သူ့အသက်အရွယ်မျိုးဟာ လီဗာပူးအသင်း ခေါ်ယူခဲတဲ့ အမျိုးအစားထဲ ပါပါတယ်။ အသင်း အဓိက အားဖြည့်လိုတာက လူငယ်ကြယ်ပွင့်လေးတွေဖြစ်ပါတယ်။

ကစားသမားတဲ့နေရာ။ ။ လီဗာပူးအသင်းဟာ တောင်ပံတိုက်စစ်၊ ကွင်းလယ်အတွင်းလူနဲ့ ခံစစ်ပိုင်းတွေကို ဂရုစိုက် အားဖြည့်ရမှာဖြစ်ပါတယ်။ အော်မိုက စွယ်စုံရပေမယ့် သူ့ကစားနေတဲ့ နေရာက လီဗာပူး အလိုအပ်ဆုံး မဟုတ်သေးပါဘူး။

ဒါ့အပြင် အော်မိုရဲ့ စွမ်းဆောင်ရည် ညွှန်းကိန်းဟာ လီဗာပူး မနှစ်က ခေါ်ယူခဲ့တဲ့ ဆိုဘိုစလိုင်းလောက် ကောင်းမွန်မှု မရှိပါဘူး။ လီဗာပူးအတွက်ကတော့ အော်မိုကို ခေါ်ယူမယ့်အစား ကာဗာရို၊ ဟာဗေး၊ ဆိုဘိုတို့ကို ပိုပြီး ပွဲကစားခွင့်ပေးနိုင်ရေး ဖန်တီးမှာပါ။