

FSG ရဲ့ ဘောလုံး စီအီးအိုဖြစ်သူ မိုက်ကယ်အတ်ဝပ်ကတော့ သူ့အဖွဲ့အတွက် အစိတ်အပိုင်းအဖြစ် head of global goalkeeping ရာထူးသစ်ကို ဖန်တီးကာ လူသစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
အဆိုပါ ရာထူးဟာ လီဗာပူးအတွက် သီးသန့် ဟုတ်ဖွယ်မရှိဘဲ FSG ရဲ့ အသစ်ဖန်တီးနေတဲ့ ဘောလုံးအင်ပါယာ တစ်ခုလုံးအတွက် ဂိုးသမားပိုင်းဆိုင်ရာ အကြီးအကဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။
အသက် ၅၁ နှစ်အရွယ် ဩစတြီးယားသား Hans Leitert ဟာ အထက်ပါ ရာထူးကို ရယူခဲ့ခြင်းဖြစ်ကာ သူဟာ လီဗာပူးနဲ့ ယခင်တည်းက ပတ်သက်ဆက်နွယ်မှုရှိထားပါတယ်။
၂၀၀၅ ကနေ ၂၀၀၉ အတွင်းမှာ ဂရိကလပ် ပါနာသီနာကိုစ့် အပြင် စပါးအသင်းမှာပါ ပထမအသင်း ဂိုးနည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲ့နောက်ပိုင်း ယူအီးအက်ဖ်အေ၊ ဖီဖာနဲ့ ရတ်ဘူး ဂလိုဘယ်တို့မှာ ပိုပြီး စီနီယာကျတဲ့ ရာထူးတွေ ရယူခဲ့သူပါ။
၂၀၁၈ မှာတော့ လီဗာပူးအသင်းကို ကင်းထောက်ပိုင်းအတွက် အကြံပေးသူ ရာထူးကို အလွတ်သဘောမျိုး ကူညီပေးနေပေမယ့် တရားဝင် ဆုံးဖြတ်ချက်တွေမှာ ဝင်ပါခွင့်ရှိသူ မဟုတ်ပါဘူး။ အခုကတော့ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်မယ့် ရာထူးကြီး ပေးအပ်ခံရတာပါ။
စိတ်ဝင်စားစရာကတော့ ကလပ်ဟာ အသင်းနဲ့ ၁၅ နှစ်ကြာ လက်တွဲလာတဲ့ ဂိုးနည်းပြကို လက်လွတ်ထားရကာ အခုချိန်ထိ အစားထိုးခြင်း မရှိသေးပါဘူး။
ဘရာဇီး ဂန္တဝင်ကြီး Claudio Taffarel က ဂိုးနည်းပြတာဝန်ကို လွဲယူသွားမလား မပြောနိုင်သေးပေမယ့် အသင်းဘက်ကတော့ ရာထူးသစ်တွေ တစ်ခုပြီးတစ်ခု အင်အားချဲ့လာနေတာ ဖြစ်ပါတယ်။