

ဇွန်လ ၁၅ ရက်နေ့မှာ စတင်လာတော့မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လီဗာပူး ကစားသမားတွေ ပါဝင်မယ့် လက်ရွေးစင် အသင်းတွေကို ဖော်ပြလိုက်ပါတယ်။
Scotland – Robertson
ရော်ဘတ်ဆန် ဦးဆောင်တဲ့ စကော့တလန်အသင်းဟာ အုပ်စု A မှာ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဟန်ဂေရီတို့နဲ့ ကျရောက်နေပါတယ်။ စကော့တလန်အသင်းက လူငယ်တိုက်စစ်သမား ဗန်ဒုတ်ကိုလည်း ခေါ်ယူခဲ့ပေမယ့် ချစ်ကြည်ရေးပွဲတွေမှာရတဲ့ ဒဏ်ရာကြောင့်ပဲ ဖယ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
Hungary – Szoboszlai
အုပ်စုတွင်းမှာ ရော်ဘတ်ဆန်တို့ရဲ့ စကော့တလန်အသင်းနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမယ့် ဟန်ဂေရီအသင်းကို ဆိုဘိုစလိုင်က ဦးဆောင်မှာပါ။ ရာသီကုန်ခါနီး ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဆိုဘို အနေနဲ့ လက်ရွေးစင်အသင်းရဲ့ ချစ်ကြည်ရေးပွဲတွေမှာ ခြေစွမ်း ပြန်ပြနေပါတယ်။
England – Alexander-Arnold & Gomez
အင်္ဂလန်ရဲ့ အဓိက ဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ထရန့်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့် ရသူတော့ မဟုတ်ပါဘူး။ ဒီတစ်ကြိမ် ယူရိုမှာတော့ သူဟာ ကွင်းလယ်လူအဖြစ် ကစားရနိုင်ပါတယ်။ ခံစစ်ပိုင်း အခြေအနေအပေါ် မူတည်ကာ ဂိုးမက်ဇ်ကလည်း အချို့ပွဲတွေမှာ ကစားခွင့် ရလာနိုင်ပါတယ်။
ဆားဘီးယား၊ ဒိန်းမတ်နဲ့ စလိုဗေးနီးယားတို့ဟာ အင်္ဂလန်အတွက် သိပ်ခက်တဲ့ ပြိုင်ဘက်တွေ မဟုတ်တာကြောင့် ရှုံးထွက်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး များပါတယ်။
Netherlands – Van Dijk, Gakpo, Gravenberch
လက်ရွေးစင်အသင်းတွေထဲမှာ လီဗာပူး ကစားသမား အများစုံအသင်း ဖြစ်ပါတယ်။ ကျပ်တည်းတဲ့ အုပ်စုတစ်ခုအဖြစ် ပိုလန်၊ ပြင်သစ်၊ ဩစတြီးယားတို့နဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဗန်ဒိုက် အနေနဲ့ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အသက်အရွယ်ကို စတင် ကျော်လွန်လာပြီဖြစ်ကာ ထိပ်တန်း အဆင့်မှာ ရှိနေသေးကြောင်း သက်သေပြရတော့မှာပါ။
France – Konate
နယ်သာလန်နဲ့ အုပ်စုတွင်းမှာ ပြိုင်ဘက်ဖြစ်သလို ဖလားရဖို့ ရေပန်းစားအသင်းလည်း ဖြစ်တဲ့ ပြင်သစ်ခံစစ်မှာတော့ ကိုနတေးက အဓိက ကစားသမားတစ်ဦး ဖြစ်ပါတယ်။
Portugal – Jota
အုပ်စုတွင်းမှာ ချက်၊ တူရကီ၊ ဂျော်ဂျီယာတို့နဲ့ ထိပ်တိုက်တွေ့နေတဲ့ ပေါ်တူဂီ တိုက်စစ်မှာတော့ ဂျိုတာကလည်း အရေးပါတဲ့ တိုက်စစ်သမားပါ။ မာတီနက်စ်ရဲ့ ပွဲထုတ်မှုမှာ ဘယ်တောင်ပံသမားအဖြစ် ကစားနေရပြီး အကောင်းဆုံး အရွယ်ကို ရောက်လာနေတဲ့ ဂျိုတာဟာ ဒီပြိုင်ပွဲမှာ မှတ်ကျောက်တင်ခံရလိုမှာပါ။
Czech Republic – Jaros
ပွဲနေ့လူစာရင်းတွေမှာ မကြာခဏ ပါဖူးတဲ့ ချက်ဂိုးသမားလေးဟာ ပြီးခဲ့တဲ့ရာသီမှာ ဩစတြီးယား ပြည်တွင်းချန်ပီယံဖြစ်ခဲ့သူပါ။ သူဟာ ယူရိုပြိုင်ပွဲဝင် ချက်အသင်းအတွက် အဓိက ဂိုးသမားတော့ ဖြစ်လာဖွယ် မရှိပေမယ့် ချစ်ကြည်ရေးပွဲမှာ ၄၅ မိနစ် ကစားခွင့်ရထားပါတယ်။