

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ထရန့်ကို လက်ရွေးစင်အသင်းမှာ အဓိက ကစားသမားအဖြစ် နေရာပေးဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
နောက်အပတ်မှာ စတင်မယ့် အင်္ဂလန်အသင်းရဲ့ ယူရို အဖွင့်ပွဲမှာတော့ ထရန့်ဟာ ပွဲထွက် ၁၁ ဦးစာရင်းကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။ ထရန့်ဟာ ခံစစ်သမားအဖြစ် မဟုတ်ဘဲ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်နဲ့ တွဲဘက်ရမှာဖြစ်ပါတယ်။
ဘော့စနီးယားကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခဲ့သလို ကို်ုယ်တိုင် ၁ ဂိုးသွင်းခဲ့တဲ့ ထရန့်ဟာ အိုက်စလန်ကို ၁-၀ ဖြင့် ရှုံးတဲ့ပွဲမှာ လူစာဝင်း ကစားသမားအဖြစ် ပါဝင်ကာ ဖန်တီးမှု အလုပ်နိုင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
လီဗာပူးသတင်းထောက် Paul Joyce နဲ့ လန်ဒန်သတင်းထောက် Matt Law တို့ရဲ့ ဖော်ပြချက်အရ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ထရန့်ကို ဦးစားပေး ကွင်းလယ်လူအဖြစ် ရွေးချယ်ထားပြီလို့ သိရတယ်။
ထရန့်ဟာ ဆောက်ဂိတ်ရဲ့ ၄-၂-၃-၁ ကစားကွက် နည်းစနစ်မှာ ဗဟိုဝင်ရိုးကနေ ပါဝင်ရမှာဖြစ်ကြောင်းလည်း ၎င်းတို့က ဖော်ပြခဲ့ပါတယ်။
ထရန့်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေမှာ အင်္ဂလန်အတွက် ရွေးချယ်ခံခဲ့ရပေမယ့် ပုံမှန် ကစားခွင့်တော့ မရခဲ့ဘဲ ထရစ်ပီယာ၊ ဝေါ်ကာတို့နောက် တတိယ ဦးစားပေးမှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ယူရိုပွဲဦးထွက်မှာ ဖြစ်လာဖွယ် အင်္ဂလန်လူစာရင်း
ပစ်ဖိုဒ့်၊ ဝေါ်ကာ၊ ဂျွန်စတုန်း၊ ဂူဟီ၊ ထရစ်ပီယာ၊ ထရန့်၊ ရိုက်စ်၊ ဆာကာ၊ ဘယ်လင်ဟမ်၊ ဖိုဒန်၊ ကိန်း။