ထရန့်၊ ဂက်ပိုတို့ နိုင်ပွဲရခြင်း၊ ဥရုဂွေးမှာ ကျောနံပါတ် ၁၉ ပြောင်းယူမယ့် ဒါဝင်နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဆားဘီးယား ၀-၁ အင်္ဂလန်ပွဲအပြီးမှာ ထရန့်ကို ကွင်းလယ်မှာပဲ ဆက်လက် နေရာပေးထားသင့်တယ်လို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်က မှတ်ချက်ပေးပါတယ်။

ယူရိုပွဲအတွင်း ထရန့်နဲ့ ဘယ်လင်ဟမ်တို့ မျက်နှာကို လက်နဲ့အုပ်ပြီး အောင်ပွဲခံခဲ့ကြတာဟာ သူတို့အတူ ကစားနေတဲ့ Wolf ဂိမ်းထဲက စတိုင်တစ်ခုကို ရည်ရွယ်ကြခြင်းလို့ ဘယ်လင်ဟမ်က ထုတ်ပြောပါတယ်။

နယ်သာလန်က ပိုလန်ကို အနိုင်ရတဲ့ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းခဲ့တဲ့ ဂက်ပိုဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူနိုင်ရေးအတွက် ပီအက်စ်ဂျီနည်းပြအန်ရီကေးနဲ့ ကစားသမားတို့ စကားပြောဆိုမှု စတင်နေပါတယ်။ အခုချိန်ထိတော့ ယိုရို ရောက်မယ် ရေပန်းစားအသင်းက ရီးရဲလ်ဖြစ်နေဆဲပါ။

ဒါဝင် နူးညက်စ်ဟာ ဥရုဂွေးအသင်းမှာ သူဝတ်နေကျ ကျောနံပါတ် ၉ ကို စီနီယာကြီး ဆွာရက်ဇ်ထံ ပြန်ပေးခဲ့ပြီး ကျောနံပါတ် ၁၉ ကို ပြောင်းလဲ ဝတ်ဆင်ပါမယ်။

လိဒ်စ်ယူနိုက်တက်ဘက်က သူတို့ တောင်ပံသမား ဆမ်းမားဗီလာကို ဒီနွေမှာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်မယ့်အကြောင်း လီဗာပူး၊ ချယ်ဆီးတို့ကို သတင်းပေးထားပါတယ်။

ယူရိုပြိုင်ပွဲအပြီးမှာ ဆဲလ်ဘတ်အသင်းဟာ လီဗာပူး လူငယ်ဂိုးသမား ဂျာရိုစ့်အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာဖွယ် ရှိနေပါတယ်။

ဇူလိုင်လ ပထမအပတ်မှာတော့ ဆာလာ ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ နည်းပြ အာနယ် ဆလော့နဲ့အတူ ရာသီကြို ဝင်ရောက်မှာပါ။ လူငယ်အများစုဖြစ်ပြီး အသင်းသား ၁၆ ဦး ဝန်းကျင်ဖြင့် စတင်ဖွယ် ရှိပါတယ်။