ပေါ်တူဂီမှာ ဒဏ်ရာရတဲ့ ဂျိုတာ၊ နံပါတ် ၆ သမားကို ကြိုဆိုတဲ့ အန်ဒို၊ ကိုစတက်ကို အရောင်းစာရင်းတင်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ကိုပါအမေရိကမှာ အယ်လီဆန်တို့ရဲ့ ဘရာဇီးက ကော်စတာရီကာကို ၀-၀ သရေကျခဲ့ပြီး လူးဝစ် ဒီယက်ဇ်ရဲ့ ကိုလံဘီယာကတော့ ပါရာဂွေးကို ၂-၁ ဖြင့် အနိုင်ရသွားပါတယ်။

ဂျိုတာဟာ ဒဏ်ရာကြောင့် ပေါ်တူဂီအသင်း လေ့ကျင့်ရေးကနေ ဖယ်ထုတ်ခံထားရပါတယ်။

ရာသီကြို အမေရိကန် ခရီးစဉ် မတိုင်ခင်မှာ လီဗာပူးအသင်းဟာ အက်ဆာမှာ နည်းပြသစ်နဲ့အတူ စတင် လေ့ကျင့်ပြီး ကွင်းပိတ် ခြေစမ်းပွဲ အချို့ ကစားနိုင်ပါတယ်။

ဒီနွေမှာ ကွင်းလယ် နံပါတ် ၆ သမားအသစ် ရောက်လာပြီး ၎င်းက အသင်းကို တောင့်တင်းစေမယ်ဆိုရင် ကြိုဆိုသွားမှာပါလို့ ဝါတာရု အန်ဒိုက ဆိုပါတယ်။

ဒါဝင် နူးညက်စ်ကတော့ ဝေဖန်မှုတွေကို လွယ်လွယ် အရှုံးပေးမှာ မဟုတ်ဘဲ သူ ထပ်မံ ရုန်းထပြမယ်လို့ ကိုပါအမေရိက ပြိုင်ပွဲကနေ ပြောဆိုပါတယ်။

ဒီနွေမှာ သင့်လျော်တဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် လီဗာပူးအသင်းက ဂရိဘယ်အစွန်လူ ကိုစတက်ကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ပေါင် သန်း ၂၀ စျေးသတ်မှတ်ထားတဲ့ တေလာ မော်တန်ကို ခေါ်ယူဖို့ လိုက်ဇစ်၊ အတ္တလန်တာအပြင် ဘုန်းမောက်၊ ဆောက်သမ်တန်၊ အစ်ဝစ်ချ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။

အင်္ဂလန်ကလပ် အတော်များများက ကာဗာရိုရဲ့ အခြေအနေကို စောင့်ကြည့်နေတာကြောင့် ရာသီကြိုမှာ ပေါ်တူဂီသား အခွင့်အရေးရအောင် လီဗာပူးဘက်က စီစဉ်ပေးမှာပါ။

ဘိုလော့ညာအသင်းဟာ လီဗာပူး ခံစစ်မှူး ဗန်ဒန်ဘတ်ကို စိတ်ဝင်စားရိပ် ပြသလာပါတယ်။ နောက်ထပ် ခံစစ်မှူး နက်ဖီးလစ်အတွက်တော့ ပေါင် ၈ သန်းရရင် ထွက်ခွင့်ပေးမှာ ဖြစ်ပါတယ်။