ဥရုဂွေးမှာ ဂိုးမြူးနေတဲ့ ဒါဝင်၊ အသင်းက အီဇီနဲ့ အစောပိုင်း စကားပြောမှု လုပ်ကြည့်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုတွင်းအဆင့် အကောင်းဆုံး ကစားသမား ၁၁ ဦး စာရင်းမှာ ဂက်ပို ပါဝင်လာပါတယ်။

ဒါဝင်နူးညက်စ်ဟာ ဥရုဂွေးက ဘိုလီးဗီးယားကို ၅-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယ ဦးဆောင်ဂိုးကို ခံစစ်သမားတွေကြားက ကျော်ပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့ ပိတ်သွင်းယူပါတယ်။

လီဗာပူးအသင်းဟာ ဘရာဇီး ဂိုးသမား ဘင်တိုကို စိတ်ဝင်စားနေကြောင်း အသံထွက်နေပါတယ်။ ကလယ်ဟာကို ရောင်းထုတ်ခဲ့ရင် အသင်းဟာ အယ်လီဆန်ရဲ့ အရန်နေရာ အားဖြည့်ရမှာပါ။ လက်ရှိမှာ တတိယဂိုးသမားလည်း လိုအပ်နေပါတယ်။

လီဗာပူးအသင်းနဲ့ ပဲလေစ့် ကွင်းလယ်လူ အီဇီကြား စကားပြောမှုက ကနဦး အဆင့်မှာပဲ ရှိနေတယ်လို့ သိရပါတယ်။

ဘိုလော့ညာအသင်းဟာ ခံစစ်မှူး ကာလာဖီအိုရီကို ဆက်ထိန်းထားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် မရှိတော့ပါဘူး။ လီဗာပူးကလည်း အီတလီခံစစ်မှူးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီး လူငယ်တိုက်စစ်သမား Ryan McAidoo ကို ခေါ်ယူနိုင်ပါတော့မယ်။ ဒီခေါ်ယူမှုမှာ ထရန့်ရဲ့ အကိုပါ ပါဝင်ကူညီနေပြီး တိုက်စစ်သမားဟာ ၎င်းရဲ့ အေးဂျင်စီနဲ့ လက်မှတ်ထိုးထားတာပါ။

ဒီနွေ အိုလံပစ် ပြိုင်ပွဲအတွက် စပိန်အသင်းဟာ ဘာ့ဆဲတစ်ကို ရွေးချယ်သွားမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းက ဝုဗ်ဘယ်အစွန်လူ Ait-Nouri ကို ခေါ်ယူနိုင်ဖို့ အလေးသာနေကြောင်းကို အယ်ဂျီးရီးယား သတင်းထောက်တွေက ပြောလာပါတယ်။