

အာနယ် ဆလော့ရဲ့ ပထမဆုံး မီဒီယာတွေ့ဆုံမှုကို ဒီအပတ် သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
နယ်သာလန်ကလပ် ဗီအက်စ်ဗီအသင်းဟာ လီဗာပူးခံစစ်မှူး ဗန်ဒန်ဘတ်ကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ ပေးဖို့ မတတ်နိုင်ဘူးဖြစ်နေပါတယ်။
အမေရိကန်နဲ့ပွဲမှာ ဥရုဂွေး အနိုင်ရပေမယ့် ဒါဝင် ဂိုးမသွင်းနိုင်တာကြောင့် သူ့ရဲ့ ၇ ပွဲဆက် ဂိုးသွင်းစံချိန်ဟာ ၈ ပွဲထိ ရောက်မလာတော့ဘဲ ရပ်တန့်ခဲ့ပါပြီ။
ဂျိုတာရဲ့ ပေါ်တူဂီအသင်းဟာ စလိုဗေးနီးယားကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်ထံ တက်ရောက်သွားပါပြီ။ ကွာတားမှာတော့ ကိုနတေးရဲ့ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့နေပါတယ်။
ငယ်ဘဝ အားပေးခဲ့ရတဲ့ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခွင့်ဆိုတဲ့ အခွင့်အရေး ထွက်ပေါ်လာတာကြောင့် အန်တိုနီ ဂေါ်ဒန်ရဲ့ စိတ်ကို လှုပ်ခါသွားစေပါတယ်။ သူကတော့ လီဗာပူးကို ပြောင်းလိုနေပါတယ်။
လီဗာပူးအသင်းဟာ ဂေါ်ဒန် အပြောင်းအရွှေ့အတွက် ကလယ်ဟာ၊ ကွမ်းဆက် ဒါမှမဟုတ် ဂိုးမက်စ် တစ်ဦးဦးကို အလိုက်ပေးတာမျိုး ပြုလုပ်မယ်လို့ နယူးကာဆယ် သတင်းထောက်တွေက ရေးသားလာပါတယ်။
ဖီနာဘာချီနည်းပြ မော်ရင်ညိုဟာ တိုက်စစ်မှူး ဒါဝင်ကို ခေါ်ယူလိုနေတယ်လို့ တူရကီ သတင်းဌာနတွေက ဖော်ပြလာနေပါတယ်။
မိုဆာလာ၊ ဗန်ဒိုက်တို့ကို ဆော်ဒီဘက်က ကမ်းလှမ်းဖွယ် မရှိပါဘူး။ အယ်လီဆန်ကို ဆော်ဒီလိဂ်ရဲ့ ဆက်သွယ်မှု့ အခုထိ ရှိသေးပေမယ့် ကစားသမားကြီးတွေကတော့ အမြင့်ဆုံး အဆင့်မှာ ဆက်ကစားလိုနေကြတာပါ။
အီတလီသတင်းထောက်တွေက ဘိုလော့ညာ ခံစစ်မှူး ရီကာဒိုအား လီဗာပူး စိတ်ဝင်စားကြောင်း ဆက်တိုက် ဖော်ပြပေမယ့် အင်္ဂလန်သတင်းတွေဘက်မှာတော့ အဲ့လောက် အားတက်သရော မရှိလှပါဘူး။