

ဒီအပတ် သောကြာနေ့မှာတော့ ကစားသမား ၁၆ ဦးနဲ့အတူ အက်ဆာမှာ လီဗာပူးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှု စတင်တော့မှာ ဖြစ်ပါတယ်။
မိုဆာလာကတော့ ရာသီကြိုအတွက် ခန္ဓာကိုယ် အဆင်သင့် ဖြစ်နေကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ ထုတ်ဖော်နေပါပြီ။
နယ်သာလန်က ရိုမေးနီးယားကို အနိုင်ရတဲ့ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ဂက်ပိုဟာ လက်ရှိ ယူရိုမှာ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးပဲဖြစ်ပါတယ်။
INDIVIDUAL BRILLIANCE FROM CODY GAKPO 👏
HIS FORM FOR THE NETHERLANDS 📈 pic.twitter.com/Uw38qoSi45
— ESPN FC (@ESPNFC) July 2, 2024
လီဗာပူးသတင်းထောက် David Lynch က အသင်းဟာ ဝုဗ်အသင်း ဘယ်အစွန်လူ နိုရီကို အမှန်တကယ် စိတ်ဝင်စားနေတာလို့ သူ ယုံကြည်ကြောင်း ထုတ်ဖော်လိုက်ပါတယ်။
ဒီနွေမှာ ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ဂရိဘယ်အစွန်လူ ကိုစတက်ကို ထည့်သွင်းထားပေမယ့် သူ့ကို စိတ်ဝင်စားတဲ့ ကလပ် နည်းပါးနေသေးတယ်လို့ သိရပါတယ်။
ရာဘီယော့ကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲ လီဗာပူးအသင်းလည်း ပါတယ်လို့ အပြောင်းအရွှေ့ သတင်းထောက်တွေက ဖော်ပြပေမယ့် လီဗာပူးဘက်ကတော့ ဘာသတင်းမှ မကြားထားရပါဘူး။
လီဗာပူးအသင်းဘက်က ဒီနွေမှာ ဒီယက်ဇ်ကို လက်လွတ်သွားဖို့ အစီအစဉ် မရှိဘူးလို့ ဂျိမ်းစ် ပီယာ့ဇ်က ထုတ်ပြောသွားပါတယ်။
ဖီယင်နု ခံစစ်သမား ဒေးဗစ်ဟန်ချိုက ရာသီကုန်အပြီးမှာ သူနဲ့ အာနယ် ဆလော့တို့ကြား စကားပြောမှုရှိခဲ့ပေမယ့် လီဗာပူးအသင်းဘက်က သူ့ကို စိတ်မဝင်စားတာကြောင့် အပြောင်းအရွှေ့ ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထုတ်ပြောပါတယ်။
လီဗာပူးအသင်းဟာ လိဒ်စ်ယူနိုက်တက်မှ ဆမ်းမာဗီလာ၊ ပဲလေစ့်မှ အီဇီ၊ ဝက်စ်ဟမ်းမှ ခူးဒက်စ်၊ ဘီဘာအိုမှ နီကိုး ဝီလီယမ်တို့အတွက် စုံစမ်းမှု လုပ်ထားတယ်လို့ သိရပါတယ်။