

ထရန့်ရဲ့ နောက်ဆုံး ပင်နယ်တီနဲ့အတူ အင်္ဂလန်ဟာ ဆွစ်ဇာလန်ကို အနိုင်ရပြီး ဆီမီးမှာတော့ ဗန်ဒိုက်၊ ဂက်ပိုတို့ရဲ့ နယ်သာလန်နဲ့ ယှဉ်ပြိုင်ရပါမယ်။
နယ်သာလန်က တူရကီအသင်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုးကို ဂက်ပို သွင်းယူခဲ့ပေမယ့် တူရကီအသင်း OG အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဥရုဂွေးအသင်းဟာ ဘရာဇီးအသင်းကို အနိုင်ရပြီး ကိုပါအမေရိက ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်သွားပြီဖြစ်ကာ ကိုလံဘီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကိုပါအမေရိက ပြိုင်ပွဲမှာ ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဒီယက်ဇ်ဟာ ကွာတားအဆင့်ပွဲမှာ ကိုယ်တိုင် ၁ ဂိုး ထပ်သွင်းခဲ့ပါတယ်။
ပပ်လင်ဒါးဟာ ဆဲလ်ဘတ်မှာ ခြေစမ်းပွဲ ၂ ပွဲ ကိုင်တွယ်ထားပြီး သူ့အသင်းက ၁၁ ဂိုး သွင်းထားကာ ၁ ဂိုးပဲ ပေးထားရပါတယ်။
ကက်တလန်သတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ နီကိုး ဝီလီယမ်အတွက် စာချုပ်ပါကြေးကို ပေးချေနိုင်တယ်လို့ ဖော်ပြနေပါတယ်။
ဒီနွေစျေးကွက်မှာ လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်ကို ရောင်းထုတ်မှာ မဟုတ်ပါဘူး။ ကလပ်ဘက်က အဓိက အစုအဖွဲ့ကို ဆက်ထိန်းပြီး အင်အားဖြည့်မှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။
လီဗာပူးအသင်းက ဖီယင်နုကနေ ဘရိုက်တန်ကို ရောက်သွားတဲ့ ကွင်းလယ်လူ Mats Wieffer အတွက် ကြားဖြတ် ချိတ်ဆက်ကြောင်း သတင်းတွေကို နည်းပြ အာနယ် ဆလော့ ကိုယ်တိုင်က မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။
ယူရိုမှာ ပင်နယ်တီ ကန်သွင်းခဲ့တဲ့ ထရန့်ကို အင်စတာဂရမ်ကနေ ဘရာဇီး ဂန္တဝင်ကြီး ရော်ဘတ်တို ကားလိုစ့်က ချီးကျူးမှတ်ချက် ပေးသွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဘော်ဘီ ကလက်ကို ကာလရှည် သက်တမ်းတိုးစာချုပ်ပေးရေး နောက်အပတ်ထဲ စကားပြောတော့မှာပါ။