ဒီယက်ဇ်ကို ရပ်တန့်ဖို့ ပလန်မရှိ၊ ရာသီကြို စဝင်နေတဲ့ ဆာလာ၊ စမ်းသပ်မှုကို ထိပ်ဆုံးက အောင်မြင်တဲ့ ဘရတ်ဒလေနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အင်္ဂလန် ၂-၁ နယ်သာလန် ရလဒ်ကြောင့် ဗန်ဒိုက်၊ ဂက်ပို၊ ဂရာဗင်ဘက်ချ်တို့ ယူရိုကနေ ထွက်ရပြီဖြစ်ကာ ထရန့်၊ ဂိုးမက်စ်တို့ကတော့ ဖိုင်နယ်ကို ပါသွားပါပြီ။

ကိုပါ အမေရိကမှာလည်း ဒါဝင်တို့ရဲ့ ဥရုဂွေးက ဒီယက်ဇ်ရဲ့ ကိုလံဘီယာကို ၁-၀ ဖြင့် ရှုံးနိမ့်ကာ ဆီမီးအဆင့်ကနေ ထွက်ခဲ့ရပါပြီ။ ဖိုင်နယ်မှာ မာကာရဲ့ အာဂျင်တီးနားနဲ့ ဒီယက်ဇ်တို့ ထိပ်တိုက်တွေ့ပါမယ်။

ကိုလံဘီယာ ရှုံးပွဲအပြီး ပြိုင်ဘက်ပရိသတ်တွေနဲ့ ဥရုဂွေးကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒါဝင် နူးညက်စ်လည်း ရန်ပွဲအတွင်း ပါဝင်ခဲ့ပါတယ်။

မိုဆာလာဟာ အက်ဆာကို ပြန်ရောက်လာခဲ့ကာ အပြေးလေ့ကျင့်ရေး စတင်ပြီး ကြံ့ခိုင်မှု စမ်းသပ်ခံနေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေနဲ့ လိုက်ဇစ် ကွင်းလယ်လူ အော်မိုကြား အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လီဗာပူးအသင်းက စပိန်သားအတွက် ကြိုးစားမှာ မဟုတ်ပါဘူး။

လူးဝစ် ဒီယက်ဇ်ကို ရပ်တန့်နိုင်ဖို့ သူတို့မှာ ပလန်ဘီ မရှိဘူးလို့ ဥရုဂွေး နည်းပြ ဘီရယ်ဆာက ဝန်ခံလိုက်ပါတယ်။ ဒီယက်ဇ်ဟာ ကိုပါပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

အာနယ် ဆလော့ရဲ့ လီဗာပူး မတိုင်ခင် အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလား ရနိုင်ကြောင်း နယ်သာလန် ဂန္တဝင်ကြီး ရှနိုက်ဒါက ခန့်မှန်းလိုက်ပါတယ်။

အမေရိကန်ခရီးစဉ်မှာ လီဗာပူးအသင်းဟာ ချစ်ကြည်ရေးပွဲ အချို့ကို ကွင်းပိတ် ကစားမယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလား ရနိုင်ချေအတွက် ဘွန်ကီတွေရဲ့ ပေါက်ကြေးဖွင့်မှုမှာ လီဗာပူးအသင်းဟာ မန်စီးတီး၊ အာဆင်နယ် နောက်မှာ အများကြီး ပြတ်ကျန်နေပါတယ်။

အာနယ် ဆလော့ရဲ့ ရာသီကြိုမှာ ၆ မိနစ်စာ အပြေးလေ့ကျင့်ရေး စမ်းသပ်မှုမှာ ထိပ်ဆုံးက အောင်မြင်ခဲ့သူက ကော်နာ ဘရတ်ဒလေ ဖြစ်ပါတယ်။