ကိုပါ ချန်ပီယံဖြစ်သွားတဲ့ မာကာ၊ အာနယ်ရဲ့ နည်းစနစ်ကို ပြောင်းလာတဲ့ ကိုစတက်၊ ယိုရိုကိစ္စ နောက်ဆုတ်လိုက်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

မာကာဟာ အာဂျင်တီးနားနဲ့အတူ ယူရို ၂၀၂၄ ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ အချိန်ပိုမှာ ဒီယက်ဇ်တို့ရဲ့ ကိုလံဘီယာကို ၁-၀ ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်း ပွဲမှာ မိသားစုဝင်တွေ အန္တရာယ်ကင်းကင်းနဲ့ ကွင်းထဲ ဝင်လာနိုင်ရေးအတွက် မာကာဟာ အဝတ်လဲခန်းထဲကနေ အပြင်ထွက်လာပြီး ကူညီပေးခဲ့ရပါတယ်။

ကိုပါအမေရိက ဖိုင်နယ်ပွဲမှာ ပွဲစီစဉ်သူတွေရဲ့ ညံ့ဖျင်းမှုကြောင့် ဝင်ပေါက်အတွင်း ပြည့်သိပ်နေတဲ့ လူအုပ်ကြီးဟာ တွန်းထိုးမှုတွေကြောင့် အကာတွေ ပြိုတဲ့ထိ ဖြစ်ခဲ့သလို နေရာစုံကနေ ကွင်းထဲ ခိုးဝင်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ထရန့်နဲ့ ဂိုးမက်စ်တို့ ပါဝင်တဲ့ အင်္ဂလန်အသင်းဟာ ယူရို ဖိုင်နယ်မှာ စပိန်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ လီဗာပူး ကစားသမားတွေကတော့ ဖိုင်နယ်မှာ ကစားခွင့် မရခဲ့ကြပါဘူး။

ယူရို ၂၀၂၄ ပြိုင်ပွဲ ရွှေဖိနပ်ဆုကို နယ်သာလန်နဲ့ လီဗာပူးအသင်း တိုက်စစ်မှူး ကိုဒီဂက်ပို ရရှိခဲ့ပါတယ်။

နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းထံ ပြောင်းနိုင်ရေး ပြောင်းရွှေ့ကြေး လျော့ပေးဖို့ ဗန်ဒန်ဘတ်က လီဗာပူးအသင်းကို တောင်းဆိုပါတယ်။ အသင်းဘက်က ပေါင် ၁၇ သန်း တောင်းဆိုထားပြီး ပီအက်စ်ဗီဘက်က အဲ့လောက် ပေးလိုခြင်း မရှိပါဘူး။

ဘရာဇီးကိုပြန်သွားတဲ့ ကော်တင်ညိုအား အနာဂတ်မှာ ကံကောင်းပါစေလို့ ထရန့်က ဆုတောင်းပေးခဲ့ပါတယ်။

နည်းပြအာနယ်ရဲ့ လေ့ကျင့်ရေးတွေက ပြင်းထန်ပြီး ကစားရချိန်တိုင်း သုံးပွင့်ဆိုင် အနေအထားတွေ ရောက်အောင် ဖန်တီးရတာတွေ ပါဝင်တယ်လို့ ကိုစတက်က ပြောပါတယ်။

လိုင်လီခံစစ်မှူး ယိုရိုကို ခေါ်ယူရေးမှာ လီဗာပူး ထွက်ခွာသွားပြီဖြစ်ပါတယ်။ ကစားသမားဟာ ရီးရဲလ် ဒါမှမဟုတ် ယူနိုက်တက်ထံပဲ ရောက်ရှိပါလိမ့်မယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လီဗာပူး တတိယဂျာစီ အသေးစိတ်ကျတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါပြီ။