အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လီဗာပူးပရိသတ်တွေ စိတ်မပူကြပါနဲ့ ဆိုလာတဲ့ ရိုမန်နို

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လူသစ်ခေါ်ယူနိုင်ခြင်း မရှိသေးတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲ လီဗာပူးအသင်းက တစ်သင်း အပါအဝင်ဖြစ်ပါတယ်။

နည်းပြကလော့ပ် ထွက်ခွာသွားသလို နည်းပြအဖွဲ့ဝင်တွေပါ ထွက်သွားတဲ့နောက် လီဗာပူးအသင်းဟာ အုပ်ချုပ်ရေးပိုင်းနဲ့ နည်းပြအဖွဲ့အား အသစ် ပြန်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နည်းပြသစ်အတွက် လက်ရှိ လီဗာပူးကစားသမားတိုင်းက အသစ်တွေဖြစ်တာကြောင့် နောက်ထပ် အသစ် ထပ်ခေါ်ပေးဖို့ဟာ မလိုအပ်တဲ့ ကိစ္စလို့ အသင်းတာဝန်ရှိသူတွေ ယူဆနေသလား မေးခွန်းထုတ်စရာ ရှိပါတယ်။

LFCThaDin ဖတ်ရှုသူတွေကို သတင်းပေးလိုတာက နာမည်ကြီး အပြောင်းအရွှေ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ ရိုမန်နိုက “လီဗာပူးအသင်းဟာ နောက်ကွယ်မှာ ကိစ္စတွေကို လုပ်ဆောင်နေပါတယ်” လို့ ပြောလာပါတယ်။

သူကပဲ “လီဗာပူး ပရိသတ်တွေ စိတ်မပူကြဖို့နဲ့ အခုချိန်ထိ ဘာတစ်ခုမှ မထူးခြားသေးကြောင်းလည်း” အားတက်ဖွယ်ကိစ္စ ရှိမလား အခြေအနေအတွက် ပြောဆိုလာသေးတာပါ။

လက်တလော သတင်းထွက်နေတဲ့ အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆန် ကိစ္စဟာလည်း ဘာထူးခြားမှုမှ မရှိဘူးလို့ ရိုမန်နိုက ပြောပါတယ်။

လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူမှုမှာတင် ထူးခြားမှု မရှိတာ မဟုတ်ဘဲ ကစားသမား ရောင်းချမှုမှာလည်း အထွက် တစ်ယောက်တောင် မရှိသေးတာပါ။

အသင်းကနေ ထွက်လိုကြောင်း ပေါ်တင် ထုတ်ပြောထားတဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကိုလည်း ပေါင် ၁၅ သန်း ဝန်းကျင်ရအောင် မကြိုးစားနိုင်ဖြစ်ပြီး နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်တို့အတွက် အသင်းသစ်လည်း မရဖြစ်နေတာပဲ ဖြစ်ပါတယ်။