

လီဗာပူးအသင်းဟာ ကွင်းလယ်လူ အန်ဒိုကို ဒီနွေမှာတင် ရောင်းထုတ်သွားဖို့ စဉ်းစားနေကြောင်း အသင်းနဲ့နီးစပ်တဲ့ သတင်းထောက် David Lynch က ဆိုပါတယ်။
မနှစ်ကနွေမှာ ဘွန်ဒက်လီဂါကနေ လီဗာပူးအသင်းထံ ပြောင်းလာခဲ့တဲ့ အန်ဒိုဟာ နည်းပြကလော့ပ်အတွက် အရေးပါတဲ့ ကွင်းလယ်ခံစစ်သမားဖြစ်ခဲ့တာပါ။ ရာသီသိမ်းခါနီးမှာတော့ သူဟာ ရုန်းကန်ရမှုတွေကြောင့် ခြေစွမ်းကောင်း ပျောက်ဆုံးခဲ့ပါတယ်။
ဒီနွေရာသီကြိုမှာ ဆာလာနည်းတူ အစောဆုံး ပူးပေါင်းခဲ့တဲ့ စီနီယာတွေထဲမှာ အန်ဒိုလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆလော့ရဲ့ ကစားကွက်မှာ အံဝင်ဖို့ အန်ဒို ရုန်းကန်နေရတယ်လို့ သတင်းထွက်လာခဲ့တယ်။
David Lynch ကပဲ လီဗာပူးအသင်းဟာ ဒီနွေ ရောင်းချရမယ့် ကစားသမားတွေထဲ အန်ဒိုကို ထည့်သွင်းထားကာ အစားထိုးစရာ ရှိလာခဲ့ရင် ကမ်းလှမ်းမှုတွေ နားထောင်သွားမယ်လို့ ပြောပါတယ်။
နည်းပြဆလော့ဟာ ကွင်းလယ် နံပါတ် ၆ သမား ရလိုကြောင်း အသင်းတာဝန် ရှိသူတွေကို အသိပေးထားကာ ကလပ်ဘက်က ရှာဖွေမှုတွေ လုပ်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အန်ဒို အံ့မဝင်ဘူးဆိုတာနဲ့ သက်ဆိုင်မယ်လို့ ရိပ်စားမိခဲ့ကြခြင်း မရှိပါဘူး။
ကွင်းလယ် ၂ ယောက်တန်းမှာ နံပါတ် ၆ သမားတွေကို သုံးပြီး ခံစစ်ကနေ ဘောလုံးထုတ်ရာမှာ ပူးပေါင်းကူညီဖို့ကို နည်းပြဆလော့က လမ်းညွှန်ထားပြီး အန်ဒို ရုန်းကန်ရကြောင်းကို ဘက်တစ်ပွဲမှာ မြင်တွေ့ထားရပါပြီ။ အဲ့ပွဲတုန်းကလည်း ဆလော့က အန်ဒိုကို ကျော်ပြီး နိုင်ယွန်နီရဲ့ ကစားပေါက်ကို သိသိသာသာ ချီးကျူးခဲ့တာပါ။
မနှစ်ကနွေမှာ စတုဂတ်ကနေ ပေါင် ၁၆.၈ သန်းပေးပြီး ခေါ်ယူထားတဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူကို လွန်ခဲ့တဲ့ သီတင်းပတ်တွေကပဲ မာဆေးအသင်းက ပေါင် ၁၁.၈ သန်းဖြင့် ကမ်းလှမ်းခဲ့ပါသေးတယ်။
အစားထိုးဖို့ ကွင်းလယ်လူသစ် မရသေးတာကြောင့် လီဗာပူးဘက်က ပယ်ချခဲ့ပေမယ့် ဒီစျေးကွက် မကုန်ခင် အန်ဒို ထွက်သွားဖို့က ဖြစ်နိုင်ချေရှိတဲ့ ကိစ္စပါလို့ သိလာရပြီ ဖြစ်ပါတယ်။