

နယူးကာဆယ်အသင်းဟာ ဗဟိုခံစစ်မှူးသစ်ရဖို့ စတင် အားထုတ်လာကာ ပဲလေစ့် ခံစစ်မှူး ဂူဟီကို စတင် ချိတ်ဆက်နေပါပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ပဲလေစ့် ခံစစ်သမားကို လီဗာပူးဘက်ကလည်း သဘောကျပေမယ့် ယူရိုမတိုင်ခင် စုံစမ်းမေးမြန်းခဲ့တာကလွဲလို့ တရားဝင် ချိတ်ဆက်မှု မလုပ်ခဲ့ပါဘူး။
နယူးကာဆယ်ဘက်က ဂူဟီကိုရဖို့ ပေါင် သန်း ၆၀ ဝန်းကျင် ပေးရမယ်လို့ သိထားရကာ ဒီအပတ်မှာပဲ ပဲလေစ့်နဲ့ စတင် စကားပြောနေပါပြီ။ ပဲလေစ့်ဘက်က ဗဟိုခံစစ်မှူး ပြန်အစားထိုးမလားက စိတ်ဝင်စားစရာဖြစ်ပြီး ဂိုးမက်စ်ကို ခေါ်ယူဖို့ လန်ဒန်ကလပ်တွေ စိတ်ဝင်စားနေကြောင်း သတင်းကလည်း ရှိထားပါတယ်။
ဇွန်လအတွင်း လီဗာပူးနဲ့ နယူးကာဆယ်တို့ဟာ ဂိုးမက်စ်နဲ့ ဂေါ်ဒန်ကို အလဲအထပ် လုပ်ဖို့ သဘောတူညီခဲ့ကာ ဆေးစစ်ဖို့ထိ ရက်ချိန်းယူခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။
ဂူဟီကို ခေါ်ယူဖို့ ကြိုးစားခြင်းကြောင့် နယူးကာဆယ်ဘက်က ဂိုးမက်စ်ကို ထပ်မံ ချိတ်ဆက်တော့မှာ မဟုတ်ဘူးလို့ နားလည်ရသလို ပေါင် သန်း ၆၀ အသုံးစရိတ်အတွက် ဂေါ်ဒန်လို အဓိက ကစားသမားကို ပြန်လည် ရောင်းချမှု လုပ်သွားမလား စောင့်ကြည့်ရမှာပါ။
နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန်ဟာ လီဗာပူးကို ပြောင်းလာလိုနေပြီး အသင်းဘက်ကလည်း အင်္ဂလန်သားအပေါ် စိတ်ဝင်စားမှုက နက်ရှိုင်းပါတယ်။
ဂိုးမက်စ်၊ အန်ဒိုတို့ ဒီနွေမှာ အသင်းပြောင်းနိုင်ချေ ရှိသလို လီဗာပူးအသင်းဟာ တိုက်စစ်သမားထက် ခံစစ်မှူးနဲ့ ကွင်းလယ်လူကို အရင်ခေါ်လိုကြောင်းလည်း အသံထွက်နေတာဖြစ်ပါတယ်။