ကွင်းလယ်လူ ကာတစ်ဂျုံးက နည်းပြအာနယ် ဆလော့ရဲ့ နည်စနစ်မှာ သူတို့ ကွင်းလယ်လူတွေ တာဝန်ယူနေရတဲ့ နေရာတွေကို ထုတ်ပြောလာပါတယ်။
ဟာဗေးဟာ နံပါတ် ၁၀ သမား စစ်စစ်အဖြစ် ကစားခွင့်ရနေပြီး ကာတစ်ဂျုံးကတော့ ကွင်းလယ် နှစ်ဦးတန်းနေရာမှာ အန်ဒို၊ ဆိုဘိုတို့နဲ့အတူ တွဲဘက်လာနေတာပါ။ မာကာ ပြန်ရောက်လာပြီဖြစ်လို့ လီဗာပူး အတွင်းလူနေရာအတွက် ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာနိုင်ပါတယ်။
လက်ရှိ ကစားကွက်မှာ ဟာဗေး ချွန်ထွက်လာခြင်းအပေါ် ဂျုံးက ” ဒါက အသင်းရဲ့ အစိတ်အပိုင်းဟာ ဟာဗေးက နံပါတ် ၁ ၀နေရာမှာ သိပ်ကောင်းနေပါတယ်။ အဲ့နေရာမှာ ကစားခွင့်ရရင် သူ လွတ်လွတ်လပ်လပ် ပိုကစားနိုင်တာပေါ့။
ပွဲထဲမှာဆိုရင် သူ့ကို ဘောလုံးနဲ့အတူ ကွင်းအထက်ပိုင်းမှာပဲ ကြိုးစားနေဖို့ အသိပေးဖြစ်တယ်။ ကျနော်နဲ့ ဒွန်ရဲ့ တာဝန်က ဟာဗေးထံ ဘောလုံးရောက်အောင် ပို့ဖို့ပါပဲ။
ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းပါ။ ဟာဗေးက ဂိုးသွင်းချင်တယ်၊ ဂိုးထောက်ပံ့မှု လုပ်ပေးချင်တယ်။ အသင်းကို သူကူညီချင်တာပါ။ သူ ခြေစွမ်းပြနေတာ မြင်ရတော့ ကျနော် ပျော်ပါတယ် ” လို့ ပြောပြပါတယ်။
ဟာဗေးဟာ တိုက်စစ်အားသန် ကွင်းလယ်လူ ပီပီသသအဖြစ် ခြေစွမ်းပြလာချိန်မှာ ဂျုံးနဲ့ ဒွန်တို့ကတော့ အတွင်းလူနေရာကို ဝင်ပြီး တိုက်စစ်ပိုင်းကို ထောက်ပံ့ပေးရသူတွေ အဖြစ် ပိုမို အားထုတ်လာရပါတယ်။
အာဆင်နယ်နဲ့ပွဲအပြီးမှာပဲ ကာတစ်ဂျုံးက ဒွန်ရဲ့ ရင်ဘတ်ကို ပုပ်ပြီး ” ဒီဘဲက ငါအကြိုက်ဆုံး ငါ့ရဲ့ နံပါတ် ၆ သမားပါပဲ ” လို့ ရယ်မောပြီး ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။
