လီဗာပူး ကွင်းလယ်လူကို ခေါ်လိုတဲ့ လိုက်ဇစ်နဲ့ အာဂျင်တီးနား ဘယ်အစွန်လူကို ကမ်းလှမ်းမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီအပတ်ထဲမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ​ ပြုလုပ်သွားနိုင်ကြောင်း သတင်းကြီးတွေ ထွက်ထားကာ ရှေ့ပြေးသတင်းအချို့ စထွက်လာနေပါပြီ။

တောင်အမေရိက နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ García Grova နဲ့တကွ အာဂျင်တီးနား သတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ အသက် ၁၉ နှစ်အရွယ် ဘယ်အစွန်လူ ဟူလီယို ဆိုလာကို ကမ်းလှမ်းမှု လုပ်တော့မယ့် ဖော်ပြလာပါတယ်။

ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းမှာ ပါဝင်ခဲ့တဲ့ သူ့ကို အာဂျင်တီးနာကလပ်ဘက်က ယူရို ၁၄ သန်း အလိုရှိထားပါတယ်။

အခုချိန်ထိတော့ ဆိုလာနဲ့ ပတ်သက်ပြီး လီဗာပူးသတင်းထောက်တွေဘက်က တစ်ခုခု ဖော်ပြလာတာမျိုး မရှိသေးပါဘူး။ အသင်းရဲ့ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်၊ ကိုစတက်တို့ ရှိနေပြီး အစွန်လူထက် ဘယ်ခြမ်း ခံစစ်မှူး လိုအပ်ချက်က ပိုများနေတာ ဖြစ်ပါတယ်။

ကလက်ကို ဆဲလ်ဘတ်အသင်းရဲ့ ပေါင် ၆ သန်းတန် ကမ်းလှမ်းမှု ငြင်းဆန်ထားချိန်မှာ လိုက်ဇစ်ကလည်း ကွင်းလယ်လူ မော်တန်ကို ခေါ်ယူလိုရိပ်တွေ ပြသနေဆဲဖြစ်ပါတယ်။

လိုက်ဇစ်ဟာ မနှစ်က ကာဗာရိုကို ခေါ်ခဲ့သလိုပဲ တစ်ရာသီ အငှားဖြင့်​ မော်တန်ကို ချိတ်ဆက်လိုနေကာ လီဗာပူးအသင်းကတော့ အသက် ၂၁ နှစ်အရွယ် ကစားသမားအား အပြီးသတ်ပဲ ရောင်းချလိုနေပါတယ်။