ဇူဘီမန်ဒီ အသင်းပြောင်းလိုနေဆဲ၊ အက်စတွန်ဗီလာဘက်က ချိန်ရွယ်လာခြင်း၊ ဖီယင်နုက ဗန်ဒန်ဘတ်ကို ရလိုခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဇူဘီမန်ဒီဟာ လီဗာပူးအသင်းကို ပြောင်းဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို ဒီအပတ်မှာတင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ရစ်ချက်ဟုချ်ဟာ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ Inaki Ibanez နဲ့ အပြောင်းအရွှေ့ ကိစ္စ စကားပြောမှု အဆင်ပြေထားပြီးမှ သတင်းထောက်တွေကို ဇူဘီမန်ဒီကိစ္စ အသိပေးခဲ့တာဖြစ်ပေမယ့် ဆိုစီဒက်ရဲ့ ပေးမပြောင်းလိုတဲ့ လှုပ်ရှားမှုကို စိတ်ပျက်ခဲ့ပါတယ်။

ဆိုစီဒက်စ်အသင်းဟာ ခံစစ်သမား နော်မန်တို့ကို လက်လွတ်ထားရပြီး ကွင်းလယ်လူ မော်ရီနိုကို အာဆင်နယ်ထံ ထပ်မံရောင်းချမှာမို့ ဘဏ္ဍာရေးအရ လိုအပ်ချက် မရှိတော့ပါဘူး။

လာလီဂါကလပ်ဟာ ဇူဘီမန်ဒီကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန် အားထုတ်နေသလို လုပ်ခတိုးပေးမယ့် စာချုပ်သစ်ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ စပိန်ကွင်းလယ်လူဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ယူရို ၅၇၆၉၂ ရရှိနေတာပါ။

လီဗာပူးအသင်းဟာ လူငယ် တိုက်စစ်သမား ကူးမက်စ်ကို စာချုပ်သစ်ပေးတော့မှာပါ။ လူငယ်လေးဟာ ဝေးလ်လက်ရွေးစင်အဆင့်မှာပါ ရွေးချယ်ခံလာရသူဖြစ်ပါတယ်။

ဇူဘီမန်ဒီ မတိုင်ခင်မှာ လီဗာပူးအသင်းဟာ ဂွီးမားရက်စ်ကို ခေါ်ယူဖို့ ချဉ်းကပ်ပေမယ့် ကစားသမားက နယူးကာဆယ်မှာပဲ ပျော်နေသလို အသင်းပြောင်းခဲ့ရင် မန်စီးတီးက ပိုမိုဖြစ်နိုင်ချေရှိတဲ့ အသင်းဖြစ်ပါတယ်။

လူငယ်တိုက်စစ်မှူး ဂျေဒန်ဒန့်စ်ဟာ နောက်ကျော ဒဏ်ရာကြောင့် ၂ လခန့် အနားယူရမှာဖြစ်ကာ အငှားထွက်မယ့် အစီအစဉ်လည်း ပျက်ပြယ်သွားပါပြီ။

ဒီယေဂို ကားလိုစ့် ထွက်ခွာခဲ့ရင် အစားထိုးဖို့ အက်စတွန်ဗီလာအသင်းက ဂိုးမက်စ်ကို ခံစစ်ပိုင်း ရွေးချယ်စရာ ပစ်မှတ်ထဲ ထည့်သွင်းထားပါတယ်။

ခံစစ်မှူး ဗန်ဒန်ဘတ်ကို ခေါ်ယူရေးမှာ ပီအက်စ်ဗီကို ပြိုင်ဆိုင်ဖို့ ဖီယင်နုလည်း ပါဝင်လာမှာဖြစ်ပေမယ့် လီဗာပူးလိုချင်တဲ့ ပေါင် သန်း ၂၀ ပေးနိုင်မယ် မသေချာပါဘူး။

စကော့တလန်ကလပ် Dundee United ဟာ လီဗာပူး ခံစစ်မှူး ကူမတ်တီယိုကို အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေပါပြီ။

လီဗာပူး ကစားသမားဟောင်း အဂ္ဂါဟာ ဒိန်းမတ်အသင်းမှာ လက်ထောက် နည်းပြအဖြစ် ကာလတို တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။