BREAKING: ကာဗာရိုကို ဘရန့်ဖိုဒ့်ထံ ပေါင် ၂၇.၅ သန်းဖြင့် လီဗာပူး ရောင်းချ

လီဗာပူးအသင်းဟာ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်သမား ကာဗာရိုကို ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖိုဒ့်အသင်းထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း The Times သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

လီဗာပူးအသင်းက ကာဗာရိုအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၇.၅ သန်း ရရှိမှာဖြစ်ကာ အနာဂတ်မှာ ဘရန့်ဖိုဒ့်ကနေ ထပ်မံရောင်းချခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ၁၇.၅% ကိုလည်း ခံစားခွင့်ရမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဖူလ်ဟမ်ကနေ ကာဗာရိုကို ပေါင် ၇ သန်းဖြင့် ခေါ်ယူခဲ့စဉ် အကျိုးအမြတ်ရဲ့ ၂၀% ခံစားခွင့်ပါဝင်ခဲ့လို့ လီဗာပူးဘက်က ပေါင် ၅ သန်း ဝန်းကျင် ခွဲဝေပေးရမှာဖြစ်ပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola ဘက်ကတော့ လီဗာပူးက ကာဗာရိုကို ယူရို သန်း ၂၀ အပြင် ထပ်တိုးကြေးတွေဖြင့် ရောင်းချတယ်လို့ ဖော်ပြခဲ့ပြီး ကနဦးပြောင်းရွှေ့ကြေး ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကာဗာရိုဟာ အမေရိကန် ရာသီကြိုမှာ အလားအလာကောင်းတွေ ပြသခဲ့ပေမယ့် ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပိုတို့အပြင် ဂျိုတာပါ ကစားနိုင်တဲ့ ဘယ်ခြမ်းမှာ နေရာရဖို့ မရှိတာကြောင့် အသင်းကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဗန်ဒုတ်၊ ဂေါ်ဒန်၊ နက်ဖီးလစ်၊ ဘော်ဘီကလက်တို့ရဲ့ အငှားနဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အခုချိန်ထိ ကစားသမား အဝင်ပိုင်းမှာ ထူးခြားမှု တစ်ခုခု ထပ်မံ ကြားသိလာရခြင်းမျိုး မရှိသေးပါဘူး။