

ဇူဘီမန်ဒီဟာ လာမယ့်ရာသီ ဆိုစီဒက်မှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကာ လီဗာပူးထံ ပြောင်းလာဖို့ ငြင်းဆန်ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဇူဘီမန်ဒီ မဟုတ်တဲ့ နံပါတ် ၆ သမားကို လက်တလော ပစ်မှတ်ထားနေခြင်း မရှိဘဲ အဆိုပါနေရာ အားဖြည့်တာမျိုး မလုပ်တော့တာလည်း ဖြစ်လာနိုင်ပါတယ်။
မာကာရဲ့ တွဲဘက် ကွင်းလယ်အတွင်းလူ နေရာအတွက် ဂရာဗင်ဘက်ချ်နဲ့ ဂျုံးကို လျာထားသလို ဆိုဘိုစလိုင်နဲ့ ထရန့်ကိုလည်း အဆိုပါနေရာမှာ သုံးသွားဖွယ် ရှိပါတယ်။
ဗန်ဒန်ဘတ်အတွက် ပေါင် သန်း ၂၀ ထက် ပိုနည်းတဲ့ မည်သည့် ကမ်းလှမ်းမှုကိုမှ လီဗာပူးဘက်က လက်ခံမှာ မဟုတ်ပါဘူး။
လက်တလောမှာ ပီအက်စ်ဗီအသင်းက ဗန်ဒန်ဘတ်အတွက် ဆက်လက် ကြိုးစားနေကာ လီဗာပူးရလိုတဲ့ ပြောင်းရွှေ့ကြေးမျိုးတော့ မရောက်သေးပါဘူး။
နီကိုး ဝီလီယမ်ကို မခေါ်ယူနိုင်တဲ့နောက် ဘာစီလိုနာဟာ ဒီနေ့ကစပြီး လူးဝစ် ဒီယက်ဇ်အတွက် အားထုတ်မှာဖြစ်ကာ ယူရို သန်း ၆၀ ဝန်းကျင်ဖြင့် ချိတ်ဆက်မယ်လို့ ကိုလံဘီယာသတင်းထောက်တွေက ဖော်ပြပါတယ်။
ဒီနွေမှာ ဂိုးမက်စ်-ဂေါ်ဒန် အလဲအထပ်၊ ယိုရိုအပြောင်းအရွှေ့၊ ဇူဘီမန်ဒီ အပြောင်းအရွှေ့တွေကို မအောင်မြင်တဲ့အပြင် စာချုပ်သက်တမ်းတိုးခြင်းလည်း မလုပ်နိုင်တဲ့နောက် အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ဖိအားတွေ ဝင်နေပါပြီ။
ကာဗာရိုဟာ ဘရန့်ဖိုဒ့်ကို ရောက်ရှိသွားပြီဖြစ်ကာ ကစားသမားသစ်အဖြစ် တရားဝင် ကြေညာခဲ့ပါပြီ။
ဆဲလ်ဘတ်ဟာ ကွင်းလယ်လူ ဘော်ဘီကလက်ကို ရနိုင်ဖို့ အားထုတ်နေဆဲဖြစ်ကာ အခြားသော ပရီးမီးယားလိဂ် ၂ သင်းထက် အခြေအနေ ကောင်းနေပါတယ်။