လီဗာပူးအသင်းဟာ ဗလန်စီယာကနေ မာမာဒါရှီဗီလီကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူမှု ရရှိသွားကြောင်း အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။
အသက် ၂၃ နှစ်အရွယ် ဂျော်ဂျီယာ ဂိုးသမားကို အယ်လီဆန် နေရာ အစားထိုးဖို့ လီဗာပူးဘက်က အာရုံစိုက် ကြိုးစားနေတာပါ။ ယူရိုမှာ လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ကိုယ်တိုင်ကလည်း လီဗာပူးထံ ပြောင်းလာဖို့ကို စိတ်အားထက်သန်မှု ရှိခဲ့ပါတယ်။
လက်တလောမှာ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုရတာဖြစ်ပေမယ့် အခြားသော အပြီးသတ်ရမယ့် ကိစ္စတွေ ရှိနေဆဲပါ။
မာမာဒါရှီဗီလီဟာ ၂၀၂၅ ခုနှစ်နွေမှ လီဗာပူးကို ပြောင်းလာမှာဖြစ်ပြီး ဒီရာသီကိုတော့ ဗလန်စီယာမှာ ဆက်ကစားလိုနေပါတယ်။ လီဗာပူးဘက်က သူ့ကို ဘုန်းမောက်ထံ အငှားချခြင်းဖြင့် အင်္ဂလန်မှာ အသားကျအောင် ကြိုးစားပေးလိုနေကာ ကလပ်တွေ ဆက်လက် ညိနှိုင်းနေဆဲဖြစ်ပါတယ်။
