

နည်းပြအာနယ် ဆလော့က အစ်ဝစ်ချ်ပွဲမှာ ကွမ်းဆက်ကို လဲခဲ့တာဟာ အသင်း စွမ်းဆောင်ရည် တက်လာဖို့ဖြစ်ပေမယ့် ဒါဟာ လူငယ်ခံစစ်မှူး တစ်ဦးတည်း အမှားလုပ်နေတယ်လို့ မဆိုလိုကြောင်း ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးနဲ့ နာပိုလီ တိုက်စစ်သမား ကာဗရာကြား အပြောင်းအရွှေ့ သတင်း ထွက်နေခြင်းဟာ မမှန်ကန်ဘူးလို့ သတင်းထောက် David Lynch က ငြင်းဆန်ပါတယ်။
ဟာဗေးဘလဲလ်ဟာ ပိုစ့်မောက်အသင်းကို ပေါင် ၃ သိန်းဖြင့် ပြောင်းရွှေ့သွားပါပြီ။ အနာဂတ် အပြောင်းအရွှေ့ကနေ ကလပ်ဘက်က ၂၀% ခံစားခွင့်လည်း ပါဝင်ခဲ့ကာ ကစားသမားက လီဗာပူးကို ကျေးဇူးတင် နှုတ်ဆက်သွားပါတယ်။
ရာသီကြိုထဲက အားထုတ်နေတဲ့ ဝုဗ်ကြယ်ပွင့် အေမန်အတွက် အကယ်ဒမီစစ်ဆေးမှု အားလုံးကို လီဗာပူးအသင်း ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အသင်းဟာ ၁၆ နှစ်သား အေမန်အတွက် ဝုဗ်ကို ပေါင် ၂ သန်း ပေးချေမှာပါ။
ဘရန့်ဖိုဒ့်ပွဲကြို လေ့ကျင့်ရေးမှာ ကွမ်းဆက်အပြင် ဂျိုတာနဲ့ ဂရာဗင်ဘက်ချ်လည်း မပါခဲ့ပါဘူး။ ဒဏ်ရာ မှတ်တမ်းဟောင်းရှိတဲ့ ဂျိုတာနဲ့ ဂရာဗင်ဘက်ချ်တို့ကို အသင်းလိုက် လေ့ကျင့်ရေး မဝင်စေဘဲ သီးသန့် လေ့ကျင့်ထားစေတယ်လို့ သိရပါတယ်။
ဒီအပတ် လီဗာပူးပွဲမှာ ဗန်ဒန်ဘတ်ကော ကာဗာရိုပါ ပွဲနေ့ လူစာရင်းမှာ ပါလာပါလိမ့်မယ်လို့ နည်းပြသောမက်စ်က ပြောပါတယ်။
စာချုပ်ကိစ္စ စတင်နေခြင်း မရှိသေးပေမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ လီဗာပူးအသင်းမှာ ဆက်နေလိုစိတ်ရှိတယ်လို့ သိရပါတယ်။
အိမ်ကွင်းပွဲမှာ နိုင်ပွဲရခဲ့ရင် လီဗာပူးပရိသတ်တွေနဲ့အတူ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံမှာ မဟုတ်ကြောင်းနဲ့ အဲ့တာက သူ့စတိုင် မဟုတ်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။
ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ်ဟာ ပွဲကစားခွင့်အတွက် လာလီဂါထံ အငှားစာချုပ်ဖြင့် ပြန်သွားဖို့ များနေပါတယ်။
လီဗာပူးအသင်းကနေ ဂိုးမက်စ် ထွက်ခွာနိုင်သလို အသင်းဘက်ကလည်း သူ့နေရာမှာ အလားအလာရှိ ခံစစ်မှူး တစ်ဦးဖြင့် အင်အားဖြည့်နိုင်နေဆဲလို့ David Lynch က ပြောပါတယ်။