Deadline day မတိုင်ခင် ၁ ရက်အလို နံနက်ခင်း လီဗာပူး သတင်းတိုများ

ကာရာဘောင်းဖလား တတိယအဆင့်မှာတော့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းဖြင့် အန်ဖီးကွင်းမှာ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် မဲခွဲပွဲအကြို ဦးစားပေး pot တွေကို စာရင်းထုတ်ပြန်ပေးလာပြီဖြစ်ကာ လီဗာပူးက pot 1 ကနေ ပါဝင်လာပါတယ်။

လီဗာပူးအသင်းဟာ ချီယေဆာအတွက် အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်ပြီးရင် ဒီကနေ့မှာ ကစားသမားသစ်အဖြစ် မိတ်ဆက်ပါမယ်။

ပြီးခဲ့တဲ့ရာသီ လီဗာပူး ကစားသမားတွေထဲမှာ ချီယေဆာထက် ပွဲကစားချိန် မိနစ် ပိုများခဲ့တာ လက်ချိုးရေလို့ရတာကြောင့် အီတလီသားဟာ ဒဏ်ရာကနေ ပြန်ရုန်းထလာနိုင်နေပါပြီ။

ဒါဝင် နူးညက်စ်ဟာ ကိုပါအမေရိက ပြိုင်ပွဲမှာ ကိုလံဘီယာ ပရိသတ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွင်း ပါဝင်မှုကြောင့် နိုင်ငံပွဲ ၅ ပွဲထိ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။

ဒါဝင်ဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာသွားဖို့ မရှိဘဲ နည်းပြအာနယ် ဆလော့ရဲ့ ပလန်တွေထဲ ပါဝင်နေဆဲဖြစ်ပါတယ်။

မော်တန်အတွက် ပေါင် သန်း ၂၀ ဝန်းကျင်ပေးမယ့် အပြီးသတ် ကမ်းလှမ်းမှုမှ မဟုတ်ရင် ကွင်းလယ်လူဟာ လီဗာပူးမှာပဲ ဆက်ရှိနေပါမယ်။

ဘာ့ဂျ်ဆဲတစ်ကို ဆဲလ်ဘတ်ကော ဘာစီလိုနာပါ ခေါ်ယူလိုနေပေမယ့် လီဗာပူးကတော့ ပွဲကစားခွင့်အတွက် ပိုကောင်းမွန်ပြီး ရှင်းလင်းတဲ့ ကမ်းလှမ်းမှုရှိရာ ဆဲလ်ဘတ်ကိုပဲ အငှားချဖွယ် ရှိပါတယ်။

နက်ဖီးလစ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အသင်းပြောင်းနိုင်ရေး ကိုယ်တိုင် အားထုတ်နေပါတယ်။ အင်္ဂလန်သားဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိပါတော့တယ်။

အာနယ် ဆလော့နဲ့အတူ ဖီယင်နုက ပါလာတဲ့ လီဗာပူးအသင်း စွမ်းဆောင်ရည် မန်နေဂျာ ရူဘန်ပီတာ့စ်ဟာ ပြင်းထန် ဒဏ်ရာရခဲ့သူ ဆန်တီယေဂို ဂျီမီနက်စ်လို ကစားသမားကိုတောင် ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် ကစားတဲ့ ၈၆ ပွဲမှာ ၄ ပွဲပဲ အနားယူရအောင် ကိုင်တွယ်ပေးနိုင်စွမ်းရှိတဲ့ ကြံ့ခိုင်ရေးနည်းပြတစ်ဦး ဖြစ်ပါတယ်။

ဘီဘာအို ၁-၀ ဗလန်စီယာပွဲမှာ လီဗာပူးအသင်း အငှားချထားတဲ့ ဂိုးသမားသစ် မာမာဒီရှီဗီလီဟာ အံ့မခန်း လက်စွမ်းတွေအတွက် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

လူငယ် ကစားသမား စကန်လွန်ဟာ ချန်ပီယံရှစ်ကလပ် Millwall အသင်းထံ တစ်ရာသီ အငှားထွက်ပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ စျေးကွက်ဟာ မနက်ဖြန် ဩဂုတ် ၃၀ ရက် ဗြိတိန်စံတော်ချိန် ညပိုင်း ၁၁ နာရီမှာ ပိတ်သိမ်းပါမယ်။