

ချန်ပီယံလိဂ်ပွဲကစားဖို့ အန်ဖီးကို တစ်ကျော့ပြန်လာရမှာအတွက် စိတ်လှုပ်ရှားမိကြောင်း လေဗာကူဆင်နည်းပြ အလွန်ဆိုက ပြောပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးအသင်းဟာ ကစားသမား အဝယ် မရှိခဲ့ဘဲ လူငယ်တွေကိုပဲ အငှားချခဲ့ပါတယ်။
ဂေါ်ဒန်က ချန်ပီယံရှစ်ကလပ် နော့ဝစ်၊ ဗန်ဒုတ်က မက်ဒယ်ဘရော့ထံ အငှားထွက်ခဲ့ပြီး နက်ဖီးလစ်က ဒါဘီအသင်းထံ အငှားထွက်ကစားပါတယ်။
၂၀၂၄-၂၀၂၅ နွေစျေးကွက်ဟာ မနှစ်က နွေစျေးကွက်နဲ့ နှိုင်းယှဉ်ရင် လိဂ်တစ်ခုလုံးက အရောင်းအဝယ်တွေ နည်းပါးခဲ့ပါတယ်။ ဒါဟာ ငွေမသုံးနိုင်ကြတာထက် ရေရှည်မှာ ပြဿနာဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ် ဘဏ္ဍာရေးဆိုင်ရာ အမြတ်အစွန်း စည်းမျဉ်းတွေကို ကလပ်တွေ ပိုသတိထား ကိုင်တွယ်လာခြင်းလို့ သုံးသပ်ခံနေရပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဟာ အသုံးစရိတ်တင် မဟုတ်ဘဲ ရေရှည်မှာတော့ လုပ်ခပိုင်းကိုလည်း တင်းကြပ်စွာ ပြန်ကိုင်တွယ်ကြဖွယ် ရှိပါတယ်။
ရစ်ချက်ဟုချ်ဟာ ဂိုးသမားနေရာ ကြိုတင် အားဖြည့်နိုင်စွမ်း၊ ကစားသမားရောင်းချနိုင်စွမ်း၊ ခီယေဆာကို သက်သက်သာသာ ခေါ်ယူနိုင်စွမ်းတွေအတွက် ချီးကျူးခံရပေမယ့် ကွင်းလယ်ခံစစ်၊ ဗဟိုခံစစ်မှူးနေရာတွေကို အားမဖြည့်နိုင်ခဲ့ကာ အဓိက ကစားသမား ၃ ဦးကို သက်တမ်းမတိုးနိုင်ခြင်းအတွက် ဝေဖန်ခံနေရပါတယ်။
လီဗာပူးအသင်းကို ပြောင်းနိုင်ခြင်းအတွက် ခီယေဆာရဲ့ ဇနီးနဲ့တကွ မိသားစုဝင်တွေဟာ အတော်လေး ပျော်ရွှင်နေကြပါတယ်။ ခီယေဆာရဲ့ ဖခင်ကလည်း ကစားသမားဟောင်းဖြစ်ပြီး လီဗာပူးထံ ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ခီယေဆာဟာ နယ်မြေသစ်မှာ အထိုင်ကျရေးဆိုင်ရာတွေကို ပြုလုပ်လိုသလို အာနယ် ဆလော့ရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ဖို့ နိုင်ငံတကာသီတင်းပတ်အတွင်း အီတလီ လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဘာ့ဂျ်ဆဲတစ်ရဲ့ ပွဲကစားခွင့်အတွက် ဆဲလ်ဘတ်ထံ အငှားချခဲ့ခြင်းဖြစ်ကာ မော်တန်ကိုတော့ ဆက်ထိန်းသွားခဲ့ပါတယ်။
ခီယေဆာဟာ သောကြာနေ့ လေ့ကျင့်ရေးကို ပါဝင်ခဲ့ပေမယ့် ယူနိုက်တက်ပွဲအတွက် ပွဲနေ့ လူစာရင်းထဲ ပါမှာ မဟုတ်ပါဘူး။ လက်ရှိ အသင်းမှာ ကာတစ်ဂျုံး တစ်ဦးပဲ ဒဏ်ရာစာရင်းထဲ ရှိပါတယ်။