

ဒီကနေ့ည အစောဆုံး ပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ၆ နာရီမှာတော့ မန်စီးတီးနဲ့ လီဗာပူးတို့ ပရီးမီးယားလိဂ်ပွဲအဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ပါမယ်။
နည်းပြကလော့ပ်က တိုက်စစ်မှူး နူးညက်စ် ပွဲထွက်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ဒီယက်ဇ်ကတော့ မန်စီးတီးပွဲမှာ ပါဦးမှာ မဟုတ်ဘူးလို့ ထုတ်ပြောသွားပါတယ်။
“ ဒီယက်ဇ် ပြန်လာတာက ကျနော်တို့အတွက် တကယ်ကို သတင်းကောင်းပါပဲ။ အင်အားလည်း ဖြစ်စေပါတယ်။ နေ့တိုင်းမှာ သူ့ရဲ့ အခြေအနေ ဘယ်လိုလဲဆိုတာကို ကျနော်တို့ စမ်းစစ်နေပါတယ်။
ဒီယက်ဇ်က ကြည့်ရတာ အတော်လေး အခြေအနေ ကောင်းနေပါတယ်။ သူပြန်လာဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ ” လို့ နည်းပြကလော့ပ်က ပြောခဲ့ပါတယ်။
မန်ချက်စတာကို ထွက်ခွာသွားတဲ့ ခရီးစဉ်မှာ ဒီယက်ဇ် မပါခဲ့ပါဘူး။ လူငယ် ကြယ်ပွင့် ကာဗာရိုလည်း မပါခဲ့သလို ဒဏ်ရာရနေတဲ့ သီယေဂိုနဲ့ ဘာ့ဆဲတစ်တို့လည်း မပါဝင်သွားပါဘူး။
မန်ချက်စတာခရီးအတွက် လိုက်ပါသွားတဲ့ ကစားသမား ၂၁ ဦးကတော့
ဂိုး – အယ်လီဆန်၊ အတ်ဒရီယန်၊ ကလယ်ဟာ။
ခံစစ် – ထရန့်၊ ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်၊ ရော်ဘတ်ဆန်၊ ကိုစတက် (မသေချာ)။
ကွင်းလယ် – ချိန်ဘာလိန်၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ မီလ်နာ၊ ဂျုံး (မသေချာ)၊ အာသာ၊ အယ်လီးယော့။
တိုက်စစ် – ဖာမင်နို၊ ဂက်ပို၊ ဆာလာ၊ နူးညက်စ်၊ ဂျိုတာ။