

ကိုလံဘီယာပွဲကြိုမှာ မာကာဟာ ကောင်းကောင်းမွန်မွန်ပဲ လေ့ကျင့်ရေး ဝင်နိုင်ခဲ့ပါတယ်။ သူ့ကို ထည့်သုံးမယ့် အနေအထားပဲ ဖြစ်ပါတယ်။
တေလာ မော်တန်ဟာ အင်္ဂလန် ယူ-၂၁ ပွဲမှာ မိနစ် ၇၀ ဝန်းကျင် ပွဲကစားချိန် ရသွားပါတယ်။ မော်တန်ဟာ ကလပ်အဆင့်မှာ ကစားခွင့်မရသေးပါဘူး။
ခီယေဆာဟာ အနာဂတ်မှာ နောက်ချန် တိုက်စစ်မှူးအဖြစ် ကစားနိုင်သလို တောင်ပံတွေမှာလည်း ကစားနိုင်နေဆဲလို့ အီတလီလက်ရွေးစင်က ပြောပါတယ်။
အင်္ဂလန် ၂-၀ အိုင်ယာလန်ပွဲ နောက်ကွယ်က ရုပ်သံတွေ ထွက်လာရာမှာ ပွဲကြိုအတွင်း ထရန့်က ဂေါ်ဒန်ကို အတွင်းထဲ ချိုးဝင်ဖို့ သူ ရောက်အောင် ဘောလုံးပေးမယ်လို့ ပြောဆိုထားတာတွေ ပါလာပါတယ်။ ပွဲထဲမှာ ထရန့်ဟာ သူ ပြောသလို ပေးချက်တွေ တကယ်လည်း ဖန်တီးပေးသွားပါတယ်။
ကမ္ဘာ့ဖလား မတိုင်ခင် နောက်ထပ် ၂ နှစ်ကို ကလပ်မှာကော လက်ရွေးစင်မှာပါ ဆက်ကစားလိုကြောင်း ဗန်ဒိုက်က ပြောဆိုခဲ့ကာ ၂ နှစ်စာချုပ်ရလိုတဲ့ သဘောထားကို ပြသသွားပါတယ်။
လီဗာပူးနဲ့ Adidas တို့ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ စတင်လက်တွဲဖို့ လိုဂို ပုံစံတွေကို သဘောတူညီမှု ရထားသလို ဒီတစ်ကြိမ် လက်တွဲမှုဟာ ၅ နှစ်စာချုပ်ဖြစ်လာဖွယ် ရှိပါတယ်။
ဂရာဗင်ဘက်ချ်ဟာ လီဗာပူးလက်ထောက်နည်းပြ ဟိုက်တင်ဂါနဲ့အတူ အပို လေ့ကျင့်ရေးတွေ ထပ်ဆင်းကာ ကွင်းလယ်ပိုင်း တာဝန်အတွက် ကြိုးစားမှုတွေ ရှိထားကြောင်း The Athletic က ဖော်ထုတ်ပါတယ်။
လီဗာပူးအသင်းဟာ ဆလော့ရဲ့ နည်းပြအဖွဲ့ဝင် ပီတာစ်ရဲ့ အကူအညီနဲ့ ကလပ်ရဲ့ ကြံ့ခိုင်မှု ဆိုးရွားမှတ်တမ်းကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပီတာစ်ဟာ ထိပ်တန်းအဆင့် ကြံ့ခိုင်ရေးနဲ့ စွမ်းဆောင်ရည် နည်းပြအဖြစ် နာမည်ရထားသူဖြစ်ပါတယ်။
နော်တင်ဟမ် ဖောရက်စ်က စျေးကွက် နောက်ဆုံးအချိန်မှာ အသက် ၃၀ အရွယ် ဂိုးသမား မတ်တန်နာ အပြင် ပေါင် ၇ သန်းပေးမယ့် ကမ်းလှမ်းမှုဖြင့် ကလယ်ဟာအတွက် ချိတ်ဆက်ခဲ့ပါတယ်။ လီဗာပူးက ချက်ခြင်း ပယ်ချခဲ့တာပါ။
လီဗာပူး ကြယ်ပွင့် နိုင်ယွန်နီဟာ အင်္ဂလန် ယူ-၁၈ အသင်းရဲ့ အရေးအပါဆုံး အသင်းသား အတောက်ပဆုံး ကြယ်ပွင့်အဖြစ် ရှုမြင်ခံနေရပါတယ်။