

မာကာဟာ အာဂျင်တီးနားက ကိုလံဘီယာကို ၂-၁ ဖြင့် ရှုံးတဲ့ပွဲမှာ လူစားဝင်လာပြီး ၂၆ မိနစ်စာ ပါဝင်ကစားခဲ့တာမို့ ကြံ့ခိုင်မှုပိုင်းဟာ ရာနှုန်းပြည့် ရှိဟန် မတူပါဘူး။ ဒီယက်ဇ်ကတော့ ပွဲအစမှာတင် ပါဝင်ကစားခဲ့ပါတယ်။
စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း ပွဲပယ်ခံထားရတဲ့ ဒါဝင် နူးညက်စ် မပါနိုင်ချိန်မှာ ဥရုဂွေးတိုက်စစ်ဟာ သွင်းဂိုး လုံးဝ မရခဲ့ပါဘူး။
နိုင်ငံတကာသီတင်းပတ်အတွင်း အင်္ဂလန်ရဲ့ ပွဲစဉ် ၂ ပွဲလုံးမှာ အကောင်းဆုံး ကစားသမားဆုကို ထရန့်ကပဲ ရခဲ့တာဖြစ်ပါတယ်။
အင်္ဂလန် ယူ-၂၀ အသင်းပွဲမှာ ဂေါ်ဒန်၊ စကန်လွန်တို့လို လီဗာပူး အကယ်ဒမီထွက်တွေအပြင် လုခ်ချမ်ဘာလည်း နေရာရခဲ့ပါတယ်။
နယ်သာလန် ၂-၂ ဂျာမနီပွဲမှာ ဂရာဗင်ဘက်ချ် ပေးခဲ့တဲ့ ပွဲအစ ၂ မိနစ် ပေးချက်ကြီးဟာ တိုက်စစ်မှူးတိုင်းရဲ့ အိပ်မက်ပေးချက်အဖြစ် တင်စားခံနေရပါတယ်။
😍 Ryan Gravenberch slicing Germany apart inside two minutes for the assist tonightpic.twitter.com/qvMC4sfO3Y
— Anfield Watch (@AnfieldWatch) September 10, 2024
လက်ရှိ နိုင်ငံတကာသီတင်းပတ်မှာ လီဗာပူးကစားတွေ ဒဏ်ရာ ကြီးကြီးမားမား ရတာမျိုး မရှိခဲ့ပါဘူး။ မာကာ တစ်ဦးလောက်ပဲ ကြံ့ခိုင်မှုပိုင်း စောင့်ကြည့်ခံနေရတာ ဖြစ်ပါတယ်။
ဒါဝင် နူးညက်စ်နဲ့ ဂိုးမက်စ်တို့ဟာ အင်္ဂါနေ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာ လူငယ် ကြယ်ပွင့် ရီယိုနဲ့အတူ ပါဝင်သွားခဲ့ကြပါတယ်။
ဖောရက်စ်ပွဲကြို လီဗာပူးအသင်းရဲ့ အသင်းလိုက် လေ့ကျင့်ရေးကို အပြည့်ပါဝင်ဖို့ ကာတစ်ဂျုံးက အဆင်သင့်ဖြစ်နေပါပြီ။
၂၀၂၂ တုန်းက အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ကြိုးစားချိန် ရီးရဲလ်မက်ဒရစ်ထံ တိုက်ရိုက်ပြောင်းပြီး ပရိသတ်အမုန်း မခံလိုတာကြောင့် လီဗာပူးကို အချိန်ခဏ ပြောင်းကစားဖို့ နှုတ်အားဖြင့် သဘောတူခဲ့သေးကြောင်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့ဘဲ ပြင်သစ်ကလပ်မှာပဲ ဆက်နေသွားခဲ့ပါတယ်။