

အာနယ် ဆလော့ဟာ တိုက်စစ်ပိုင်း ဘောလုံးကိုင်ကစားစဉ်ကော ဘောလုံးမရှိချိန် ခံစစ်ပြင်ရာမှာပါ ၄-၂-၄ ပုံစံကို အဓိက ကျင့်သုံးကြောင်း ထောက်ပြလာကြပါတယ်။
လီဗာပူးနည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Aaron Briggs ရဲ့ အတည်ပြုချက်အရ အသင်းဟာ တည်ကန်ဘော အထူးနည်းပြတစ်ဦး ရှာဖွေမှုကို ရပ်နားထားတယ်လို့ သိရပါတယ်။
အေစီမီလန်ကို ပုံစံကောင်းနဲ့ အနိုင်ရခဲ့တာကြောင့် ဖောရက်စ်ပွဲမှာ ခြေစွမ်းညံ့ဖျင်းစွာ ရှုံးခဲ့တာကို ဘယ်လိုမှ လက်ခံပေးလို့မရကြောင်း အာနယ် ဆလော့က အသင်းသားတွေကို သတိပေးလိုက်ပါတယ်။
ဘယ်တောင်ပံမှာ အလှည့်ကျစနစ်အရ ဒီအပတ် ဘုန်းမောက်ပွဲအတွင်း တိုက်စစ်သမား ဒီယက်ဇ်က ပြန်လည် ပွဲထွက်ခွင့်ရမှာ ဖြစ်ပါတယ်။
အာနယ် ဆလော့ လက်ထက်မှာ လီဗာပူးကစားသမားတွေဟာ နည်းစနစ်ပိုင်း ကန့်သတ်ချက်တွေ ပိုမို အပေးခံထားရပြီး အသင်းဖော်တွေရဲ့ အခြေအနေအပေါ် မူတည်ကာ ဘယ်နေရာကို သွားရမယ်၊ ဘယ်အပိုင်းမှာပဲ ကစားရမယ် ဆိုတာကို တစ်ဦးချင်း ညွှန်ကြားခံထားရမှု ရှိထားပါတယ်။
ဖောရက်စ်ကို ရှုံးနိမ့်တဲ့နောက် လီဗာပူးတော့ ကပ်ဘေးဆိုက်ပြီလို့ ထင်မြင်နေသူတွေကို နိုင်ပွဲဖြစ် တုန့်ပြန်ပြနိုင်ခြင်းအတွက် ဗန်ဒိုက်က ကျေနပ်နေပါတယ်။
ဆဲလ်ဘတ်အသင်း ရှုံးနိမ့်သွားတဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ဘာ့ဂျ်ဆဲတစ် ပွဲထွက် ကစားသမားနေရာက ပါဝင်ခဲ့ပြီး နံပါတ် ၆ သမားအဖြစ် ကစားခဲ့ပါတယ်။
ဒါဝင် နူးညက်စ်ဟာ သူ့ရဲ့ အင်စတာဂရမ်ကို အပြင်လူ မမြင်ရဘဲ သူ့ကို Follow ထားတဲ့သူတွေပဲ မြင်ရအောင် ပြောင်းထားလိုက်ပါပြီ။ ဒါဝင်ဟာ အွန်လိုင်းကနေ အတော်လေး တိုက်ခိုက်ခံရမှုတွေ ရှိထားတာပါ။