အယ်လီဆန် လွဲမည်၊ အလှည့်ကျစနစ် စသုံးမယ်လို့ ဆလော့ အသိပေး၊ ဝက်ဇ်ကို သဘောကျကြောင်း ဂျာမာန်တွေ ပြောလာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် လီဗာပူး vs ဘုန်းမောက်ပွဲမှာ အယ်လီဆန်အစား ကလယ်ဟာ ပွဲထွက်မှာဖြစ်ကာ အရန်ဂိုးသမားအဖြစ် ဂျာရိုစ့် ပါဝင်လာပါမယ်။

ပွဲကြို လေ့ကျင့်ရေးမှာ အယ်လီဆန်နဲ့ ဟာဗေး မပါနိုင်ပေမယ့် ကာတစ်ဂျုံး အပါအဝင် ကျန် စီနီယာကစားသမား အားလုံး ပါဝင်ထားနိုင်ပါတယ်။

ပွဲကြပ်ကာလတစ်ခုကို ဖြတ်သန်းရမှာဖြစ်တာကြောင့် နည်းပြဆလော့ဟာ အလှည့်ကျ စနစ်ကို စတင်ဖွယ်ရှိကာ လူစာရင်း အပြောင်းအလဲ ပြုလုပ်လာမှာပါ။

ဒါဝင်ဟာ ပိုပြီး ကြံ့ခိုင်ကာ ပွဲနေ့အတွက် အဆင်သင့်ဖြစ်နေပေမယ့် ပွဲကစားနိုင်ဖို့တော့ ဂျိုတာကို ကျော်ဖြတ်ရမှာဖြစ်ကြောင်း ဆလော့က သတိပေးပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ တိုက်စစ်အကောင်းဆုံး ၃ သင်းထဲ ပါဝင်နေတဲ့ လီဗာပူးအသင်းဟာ ခံစစ် အကောင်းဆုံးအသင်းလည်း ဖြစ်နေပါတယ်။

ဒီနွေမှာ ဇူဘီမန်ဒီကို ရခဲ့မယ်ဆိုရင် အလှည့်ကျစနစ်ကို ပိုပြီး လုပ်လို့ကောင်းသွားမှာပါလို့ ဆလော့က ဝန်ခံပေမယ့် စပိန်သားက လာလီဂါမှာ ဆက်ရှိနေတာကြောင့် အသင်းကလည်း ရှေ့ဆက်ရမှာပါပဲလို့ တုန့်ပြန်ပါတယ်။

ဂျာမာန်သတင်းဌာနတွေကတော့ လီဗာပူးက လေဗာကူဆင် တိုက်စစ်သမား ဝက်ဇ်ကို စိတ်ဝင်စားကြောင်းတွေ ဖော်ပြနေပါတယ်။

ပြင်သစ်ကလပ်မှာ ထရန့်က ယူရို သန်း ၁၀၀ ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ သတင်းတွေက မမှန်ဘူးလို့ ဆိုပါတယ်။ ကစားသမားတစ်ယောက်က ကလပ်တစ်သင်းကို ပိုင်ဆိုင်မှုဟာ များစွာ အရှုပ်အရှင်းဖြစ်သွားနိုင်ပါတယ်။

ထရန့်ရဲ့ အနာဂတ်ဟာ သတင်းထောက်တွေ ပြောနေသလို နေ့ချင်းညချင်း အပြီးသတ်မှာ မဟုတ်ပါဘူး။ လီဗာပူးတာဝန်ရှိသူတွေက ကစားသမား အသင်းမှာ ဆက်နေလိုသလား အခြားပလန်တွေ စဉ်းစားနေလားကို မျက်နှာခြင်းဆိုင် စကားပြောကြပြီး အဖြေရှာမှာ ဖြစ်ပါတယ်။