ဟာလန်းနောက် ရောက်လာတဲ့ ဒီယက်ဇ်၊ ခီယေဆာရဲ့ ပွဲဦးထွက်၊ အကောင်းဆုံးဆုရတဲ့ မာမာဒီရှီဗီလီနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒါဝင် မကန်သွင်းခင်မှာ သူဘာလို့ ဒီအနေအထားကနေ ကန်တာလဲ မသိဘူးလို့ သဘောမကျခဲ့ပေမယ့် ဂိုးဝင်သွားချိန်မှာတော့ ဒါဝင်က သူ ကစားသမားဘဝကထက် ပိုကောင်းတဲ့သူဆိုတာ လက်ခံလိုက်တယ်လို့ ဆလော့က ရယ်ရယ်မောမော ပြောပါတယ်။

အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့က ဘုန်းမောက်ပွဲအပြီးမှာ ဒါဝင် နူးညက်စ် ဂိုးရသွားတာကို ကျေနပ်နေကြပြီး ရလာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ တိုက်တွန်းကြပါတယ်။

ဒီနွေမှာ ကလပ်ဟာအတွက် ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှု မရတာကို အံ့အားသင့်ကြောင်း လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးပါတယ်။ ဒါပေမယ့်လို့ အဲ့ဒါက အသင်းအတွက် ကောင်းတဲ့ကိစ္စလို့လည်း ထင်မြင်ချက်တွေ ပေးနေကြတာပါ။

ဘုန်းမောက်ပွဲမှာ ကလယ်ဟာဟာ ပြိုင်ဘက်ရဲ့ ထိုးဖောက်မှု ၇ ကြိမ်ကနေ ကာကွယ်ပေးခဲ့ပြီး recoverie ၉ ကြိမ် လုပ်ပေးခဲ့ပါတယ်။

ဂရာဗင်ဘက်ချ်ကို ဦးတည်တဲ့ ချီးကျူးမှုတွေပဲ များနေပေမယ့် မာကာဟာ လီဗာပူးအတွက် မရှိမဖြစ် ကစားသမားဖြစ်နေပြီလို့ ထောက်ခံမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အယ်လီဆန်ဟာ သူ့ရဲ့ ခြေထောက် ကြွက်သားတွေ ပြန်သက်သာဖို့ အားယူရင်း လီဗာပူးပွဲ အားပေးနေမှုကို ပုံတင်သွားပါတယ်။

သွင်းဂိုး ၂ ဂိုးရခဲ့တဲ့ ဒီယက်ဇ်ဟာ ဟာလန်းရဲ့နောက် ပရီးမီးယားလိဂ်ရဲ့ ဒုတိယ သွင်းဂိုးအများဆုံး ကစားသမားနေရာမှာ ရှိနေပါတယ်။

လက်ရှိ ခြေစွမ်းအတိုင်းဆိုရင် ကွမ်းဆက်ဟာ ကိုနတေးကို ကျော်ဖို့ တော်ရုံ စွမ်းဆောင်ရည်ဖြင့် မရနိုင်ဘဲ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး ခြေစွမ်းနဲ့မှ နေရာပြန်ရနိုင်ကြောင်း မှတ်ချက်ပေးခံနေရပါတယ်။

ပထမဆုံး ပရီးမီးယားလိဂ်ပွဲကစားခွင့်ရအပြီးမှာ ခီယေဆာက “Anfield 😍😍😍” လို့ အင်စတာဂရမ်မှာ ပိုစ့် တင်ခဲ့ပါတယ်။

ဗလန်စီယာက ဂျီရိုနာကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဂိုးသမား မာမာဒီရှီဗီလီက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိသွားပါတယ်။