

ပြီးခဲ့တဲ့နှစ်နဲ့ လက်ရှိရာသီ ဘာကွာလဲဆိုရင် နည်းပြကလော့ပ်က တိုက်ရိုက် ကစားစေပြီး နည်းပြဆလော့က ဘောလုံးနဲ့အတူ ပိုကစားစေတယ်လို့ ဆိုဘိုစလိုင်က ပြောပါတယ်။
နည်းပြဆလော့က သူ့ကို နံပါတ် ၈ သမားထက် နံပါတ် ၆ သမားနေရာမှာပဲ ပိုသုံးလိုကြောင်း ပြောခဲ့သလို သူ့အတွက် အဲ့ဒါက ပြဿနာလို့ မဟုတ်ခဲ့ပါကြောင်း ဂရာဗင်ဘက်ချ်က ပြောပါတယ်။
ပဲလေစ့်ပွဲမှာ တိုက်စစ်က ဂျိုတာ ပြန်ပါလာမှာဖြစ်ပြီး ဒီယက်ဇ်လည်း ပွဲထွက်ခွင့်ရဖွယ် ရှိပါတယ်။
ဒါဝင်နဲ့ ဂျိုတာတို့ဟာ လီဗာပူး တိုက်စစ်မှာ တူညီတဲ့ ပုံစံဖြင့် ကစားရမှာ မဟုတ်ပါဘူး။ နှစ်ဦးဟာ ခြားနားတဲ့ တိုက်စစ် တာဝန်ယူမှုတွေ စီစဉ်ပေးခံထားရတာလို့ သိရပါတယ်။
ပဲလေစ့်ပွဲမှာ တိုက်စစ်သမား ခီယေဆာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ချန်ပီယံလိဂ်ပွဲ လွဲချော်ခဲ့တဲ့ အီတလီ တိုက်စစ်သမားဟာ လေ့ကျင့်ရေး ပြန်မဝင်လာသေးပါဘူး။
စပိန်ဘက်က သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ထရန့်အပေါ် စိတ်ဝင်စားမှု ပိုတိုးမြင့်လာနေတယ်လို့ သိရပါတယ်။ လီဗာပူးအနေနဲ့ စာချုပ်ကိစ္စကို သိပ်ပြီး အချိန်ဆွဲနေဖို့ မသင့်ပါဘူး။
နိုင်ငံတကာသီတင်းပတ် ပြီးမှပဲ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ရဲ့ စာချုပ်ကိစ္စအကြောင်း ဆက်မေးကြပေါ့လို့ ဆလော့က တုန့်ပြန်ပါတယ်။
နိုင်ငံတကာသီတင်းပတ် လူစာရင်းမှာ ဗန်ဒိုက်၊ ဂက်ပို၊ ဂရာဗင်ဘက်ချ်တို့ ၃ ဦးလုံး ရွေးချယ်ခံထားရပါတယ်။
အင်္ဂလန် ယာယီနည်းပြက ထရန့်ကို ဘယ်အစွန်မှာ သုံးနိုင်ကြောင်း ထပြောနေတာမို့ နိုင်ငံတကာသီတင်းပတ်မှာ ဘယ်ခြမ်းကနေ ပွဲထုတ်သွားဖွယ် ရှိနေပါတယ်။
အက်ဆာကို အလည် ပြန်လာတဲ့ ထရန့်ကို ဗန်ဒိုက်၊ ထရန့်၊ ဂျိုတာ အပါအဝင် လီဗာပူးကစားသမားတွေ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။
ဘွန်ဒက်လီဂါကလပ် ဖရိုင်းဘတ် ကွင်းလယ်လူ Merlin Rohl ကို လီဗာပူးအသင်း စိတ်ဝင်စားပေမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ မရှိပါဘူး။
ဘာ့ဂျ်ဆဲတစ်ဟာ ဆဲလ်ဘတ်မှာ ပပ်လင်ဒါးရဲ့ အဓိက ကစားသမားအဖြစ် နေရာရနေခြင်းအတွက် အံ့ဩခံနေရပါတယ်။ ဆဲလ်ဘတ်မှာ ပပ်လင်ဒါး အခြေအနေ မကောင်းဖြစ်နေပြီး ဆဲတစ်ကို ဆက်တိုက် နေရာပေးခြင်းအတွက်ပါ သဘောမကျဖြစ်နေကြတာပါ။