

ပြင်သစ်က အစ္စရေးကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ချူအာမီနီ လူစားလဲခံရချိန် ကိုနတေးက အသင်းခေါင်းဆောင် လက်ပတ်ကို တာဝန်ယူသွားပါတယ်။
ထရန့် ပါဝင်တဲ့ အင်္ဂလန်ဟာ ဂရိကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဂရိအသင်းဘက်မှာ ကိုစတက် ပါဝင်လာခြင်း မရှိပါဘူး။
ကြွက်သားနာကျင်မှုကြောင့် ဗင်နီဇွဲလားနဲ့ပွဲမှာ အာဂျင်တီးနားအတွက် မာကာ ပါဝင်ကစားမှာ မဟုတ်ကြောင်း သေချာသွားပါပြီ။ ဘိုလီဗီးယားနဲ့ပွဲအတွက်တော့ ဖယ်ထုတ်ခြင်း မခံရသေးပါဘူး။
ဆိုဘိုစလိုင်ဟာ ရတ်ဘူးအဖွဲ့နဲ့ ပါတနာတွေအဖြစ် လက်တွဲဖို့ သဘောတူညီမှုရသွားပါပြီ။ ဒါဟာ လီဗာပူးအသင်းကို ပြောင်းလာပြီးနောက် သူ တတိယမြောက် ပါတနာရလိုက်ခြင်း ဖြစ်ပါတယ်။
မိုဆာလာနဲ့ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးတဲ့ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်း တိုက်စစ်သမား ခူးဒက်စ်ကို စောင့်ကြည့်နေတယ်လို့ ရိုမန်နိုက ဆိုပါတယ်။
နည်းပြဆလော့ လက်ထက်မှာ လီဗာပူးအသင်းဟာ ဆက်လက်ပြီး နိမ့်ချစွာ ကြိုးစားအားထုတ်ရမယ်လို့ အသင်းခေါင်းဆောင် ဗန်ဒိုက်က သတိပေးပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ သူ့ကို အထင်အကြီးဆုံးဖြစ်စေတဲ့ အသင်းက နည်းပြပြောင်းထားပေမယ့် စွမ်းဆောင်ရည် မကျတဲ့ လီဗာပူးအသင်းပဲဖြစ်တယ်လို့ လီဗာပူးမြို့သား အဲဗာတန်ကစားသမားဟောင်း ရွန်းနီက ပြောပါတယ်။
လီဗာပူးအသင်းနဲ့ စာချုပ်ကိစ္စ ဘာပဲဖြစ်နေနေ ထရန့်ဟာ ဇန်နဝါရီမှာတော့ အသင်းပြောင်းမှာ မဟုတ်ပါဘူး။
ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးနဲ့ ရင်ဆိုင်ကစားရမယ့် ပွဲအတွက် လိုက်ဇစ်အသင်းဘက်က လက်မှတ်နှုန်းထားတွေ မြှင့်လိုက်ပါတယ်။
လီဗာပူးအသင်းဟာ လီဗာပူးမြို့ကောင်စီနဲ့အတူ အန်ဖီးဘေးနားက Anfield Square ကို အဆင့်မြင့်တင်ဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။