

ဟန်ဂေရီနဲ့ နယ်သာလန်တို့ ၁-၁ သရေကျတဲ့ပွဲမှာ အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
ဂိုးသမား ကလယ်ဟာ၊ ကိုစတက်၊ ထရန့်နဲ့ ကာတစ်ဂျုံးတို့ဟာ ဒီအပတ် တနင်္ဂနွေနေ့ပြီးရင် အန်ဖီးကို ပြန်လာမှာဖြစ်တာကြောင့် ချယ်ဆီးပွဲမတိုင်းခင် ၆ ရက်အလိုမှာတင် အသင်းနဲ့ ပူးပေါင်းနိုင်မှာပါ။
နောက် ၁ ရက်အကြာ တနင်္လာနေ့မှာတော့ ကိုနတေး၊ ဆိုဘို၊ ဗန်ဒိုက်၊ ဂက်ပို၊ ဂရာဗင်ဘက်ချ်တို့ အက်ဆာကို ပြန်လာကြမှာဖြစ်ကာ လက်ရွေးစင်နဲ့ ကလပ်ပွဲကြား နားချိန် ရသွားကြတော့မှာဖြစ်ပါတယ်။
နယ်သာလန်ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဗန်ဒိုက်ဟာ နောက်ပွဲကို လွဲချော်ပေမယ့်လို့ လက်ရွေးစင်မှာ ဆက်နေပြီး တနင်္လာနေ့ပွဲအပြီးမှ ဂက်ပိုတို့နဲ့ ပြန်လာမှာပါ။
ခံစစ်မှူး ကွမ်းဆက်ဟာ ယူ-၂၁ အသင်းပွဲမှာ ခြေစွမ်းပြသွားပါတယ်။ နိုင်ယွန်နီကလည်း သက်တမ်းအလိုက် အင်္ဂလန်ပွဲစဉ်မှာ အထူး ခြေစွမ်းပြသွားနိုင်ပါတယ်။
လီဗာပူး ခံစစ်မှူးဟောင်း မာတစ်ဟာ အခုချိန်ထိ အသင်းသစ် ရှာမတွေ့သေးတာကြောင့် ဘောလုံးကစားခြင်းကနေ အနားယူဖို့ စဉ်းစားနေပါပြီ။ နည်းပြဟောင်း ကလော့ပ်က ဒဏ်ရာရှိနေတဲ့ မာတစ်ကို ၂၀၂၅ နွေထိ တစ်နှစ် စာချုပ်ပေးပြီး ခံစစ်မှူးရဲ့ ကစားသမားဘဝကို ကယ်တင်ပေးလိုခဲ့ပါတယ်။
အန်ဒိုက သူ လီဗာပူးအသင်းမှာ ဆက်နေသွားမှာဖြစ်ပြီး ဒီရာသီစ ကစားခွင့်မရတာနဲ့တင် ထွက်မယ်ဆုံးဖြတ်ဖို့က စောလွန်းပါတယ်လို့ ဖြေပါတယ်။
ဘိုလီဗီးယားကို ၁-၀ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ပုံမှန်ခြေစွမ်းအော်ကမှာပဲ ရှိနေခြင်းကြောင့် ဒီယက်ဇ်ကို ဝေဖန်မှုတွေ ရှိနေပါတယ်။ အာဂျင်တီးနားပွဲမှာတော့ မာကာကို အနားပေးထားပါတယ်။
လီဗာပူးအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် Jamie Bynoe-Glittens ကို စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကလပ် ၃ သင်းထဲက တစ်သင်းပဲ ဖြစ်ပါတယ်။