

ခံစစ်မှူးဟောင်း မာတစ်ဟာ လီဗာပူးအသင်းကနေ ထွက်ခွာတဲ့နောက် အသင်းသစ် ရှာမတွေ့ခဲ့ခြင်းနဲ့အတူ ဘောလုံးကစားခြင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။
နိုင်ငံသီတင်းပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မာကာဟာ လက်ရွေးစင် အသင်းဖော်တွေနဲ့အတူ ပူးတွဲလေ့ကျင့်နေပြီဖြစ်ပါတယ်။
ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ သက်ဆိုင်ရာ လက်ရွေးစင်တွေကနေ နှုတ်ထွက်ပြီး လီဗာပူးအသင်းထံ ခပ်စောစော ပြန်လာပူးပေါင်းမှာဖြစ်ပါတယ်။
ဆာလာဟာ ဒဏ်ရာရနိုင်တဲ့ ပြိုင်ဘက်ကွင်း အခြေအနေကြောင့် လက်ရွေးစင်ကနေ နှုတ်ထွက်ခြင်းဖြစ်ကာ ဗန်ဒိုက်ကတော့ အနီကတ်ကြောင့် ပွဲပယ်ခံရမှာဖြစ်လို့ လက်ရွေးစင်မှာ ဆက်မနေတော့ဘဲ ပြန်လာခြင်းဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ညာအစွန်လူ ဘရတ်ဒလေဟာ မြောက်အိုက်ယာလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒါဟာ လက်ရွေးစင်သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ အသင်းခေါင်းဆောင် တာဝန်ပေးခံရခြင်းဖြစ်ပါတယ်။
ဖင်လန်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ထရန့်ဟာ ဘယ်အစွန်လူအဖြစ် ပွဲထွက်ရမယ်လို့ သတင်းကြီးနေပါတယ်။ ခြေစမ်းပွဲတွေမှာ ပွဲတိုင်းကျော်ကစားရတဲ့ ထရန့်ဟာ တကယ့် ပြိုင်ပွဲဆိုရင် ကစားခွင့်မရသလောက် နည်းပါးလေ့ရှိပါတယ်။
ကွင်းလယ်လူ ကာတစ်ဂျုံးဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် အင်္ဂလန်အသင်းကနေ နှုတ်ထွက်သွားပါတယ်။ မိသားစုရေးရာကြောင့်လို့ အသံထွက်နေပါတယ်။
တိုက်စစ်သမား ဗန်ဒုတ်ဟာ ၁၉၆၅ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး ကစားသမားအဖြစ် စကော့တလန်အတွက် ပွဲထွက်ကစားပေးခွင့်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသမား နူအာနေရာမှာ အစားထိုးဖို့အတွက် အယ်လီဆန်ကို စိတ်ဝင်စားမှု ရှိနေပါတယ်။
ရတ်ဘူးအသင်းရဲ့ ဘောလုံးဆိုင်ရာအကြီးအကဲ ရာထူးကို တာဝန်ယူခြင်းအတွက် ကလော့ပ်ဟာ တစ်နှစ်ကို ယူရို ၁၀-၁၂ သန်းကြား လုပ်ခရရှိမှာဖြစ်ပါတယ်။