ဇန်နဝါရီ ပစ်မှတ်တွေ ထွက်ပေါ်နေခြင်း၊ ဒဏ်ရာရ ကစားသမားများ အခြေအနေနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အင်္ဂလန်က ဖင်လန်ကို အနိုင်ရတဲ့ပွဲမှာ ဘယ်အစွန်လူနေရာက ပွဲထွက်သွားတဲ့ ထရန့်က ဖရီးကစ်ကနေ ကိုယ်တိုင် ဂိုးသွင်းခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရသွားပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ဂရာဗင်ဘက်ချ်ကို နေရာမပေးနိုင်ခဲ့တာက ကင်မစ်နဲ့ ဂေါ်ရက်စကာတို့လို ကွင်းလယ်လူတွေ ရှိနေတာကြောင့်ပါလို့ နာဂယ်စမန်းက ပြောပါတယ်။

မက်ကယ်လစ္စတာ ပွဲထွက်ကနေ ပြန်ကစားနိုင်တော့မယ်လို့ သတင်းထွက်နေပြီး လေ့ကျင့်ရေးက သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

အိုင်ယာလန်မှာ အမှားကြီး လုပ်မိခဲ့တာတောင်မှပဲ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရတဲ့ထိ ကလယ်ဟာက လက်စွမ်းပြသသွားပါတယ်။

လီဗာပူးအသင်းဟာ ဗလန်စီယာအသင်း ဗဟိုခံစစ်မှူး Cristhian Mosquera ကို ခေါ်ယူဖို့ အားထုတ်နေကြောင်း စပိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ပိုလန်ကွင်းလယ်လူ ဇီလန်စကီးကတော့ သူ့ကို ကလော့ပ်က အိမ်ထံဖိတ်ခေါ်ခဲ့သေးကာ ဖာဘရီဂတ်စ်နဲ့ ဂွမ်ဒိုဂန် ပေါင်းစပ်ထားသူအဖြစ် မျက်နှာခြင်းဆိုင် ချီးကျူးခဲ့တယ်လို့ ပြောပါတယ်။

တိုက်စစ်သမား ခီယေဆာဟာ နိုင်ငံတကာသီတင်းပတ်အပြီး အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပါဝင်လောက်ဖွယ် ရှိပေမယ့် ဟာဗေးကတော့ မပါနိုင်လောက်သေးဘူးလို့ မာဆေးဆိုဒ်သတင်းတွေက ဆိုပါတယ်။

ပေါင် ၁၂ သန်းနဲ့တင် လီဗာပူးထံ ပြောင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အူဒီးနီဘက်က ပြောင်းရွှေ့ကြေး ပိုမို တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ လက်ရှိ ဘင်ဖီကာ ကွင်းလယ်လူ Kokcu ကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ လွှတ်ထားကာ ဇန်နဝါရီမှာ ကြိုးစားမှု ရှိလာနိုင်တယ်လို့ သိရပါတယ်။

အာနယ် ဆလော့ရဲ့ ထာဝရအကောင်းဆုံး ချန်ပီယံလိဂ် လူစာရင်းကတော့ ဂိုးသမား အယ်လီဆန်ပါဝင်တဲ့ ထရန့်၊ ဗန်ဒိုက်၊ ပီကေး၊ ဒီဘိုးဝါး၊ ဘက်စ်ကွက်၊ ဂျရတ်၊ မိုဒရသ်၊ ဆာလာ၊ ရော်နယ်ဒို၊ မက်ဆီတို့ပဲဖြစ်ပါတယ်။