စပိန်သတင်းဌာနတွေ ဖော်ပြနေတဲ့ လီဗာပူးက ထရန့်ကို သက်တမ်းတိုးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေဟာ မှန်ကန်ခြင်း မရှိဘူးလို့ paul joyce က ပြောပါတယ်။
လက်ရှိ အနေအထားမှာ ရီးရဲလ်မက်ဒရစ်က ထရန့်ကို စာချုပ်ချုပ်နိုင်မယ် ယုံကြည်ချက်ရှိနေဟန်တူပြီး လီဗာပူးကလည်း စာချုပ်သစ်ပေးနိုင်မယ် မျှော်လင့်နေတာကြောင့် ကစားသမားထံက ပြတ်သားတဲ့ အဖြေ ရသေးဟန် မရှိပါဘူး။
အယ်လီဆန်ကို ခရစ္စမတ်မတိုင်ခင် ပြန်ရဖို့ နည်းပြဆလော့က မျှော်လင့်နေပါတယ်။ အသေအချာကြီး အာမခံနိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။
လီဗာပူး စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ ဘင်ဖီကာ ဘယ်အစွန်လူ ဖာနန်ဒက်စ်ကို ပြန်လည်ခေါ်ယူခွင့်ဖြင့် ပြန်ခေါ်ဖို့ ယူနိုက်တက်ဘက်ကလည်း ကြိုးစားသွားဖွယ် ရှိနေပါတယ်။
အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ကာလရှည် အခြေအနေအတွက် စီမံမှာဖြစ်ပြီး နည်းပြဆလော့ ကိုယ်တိုင်ကတော့ ကာလတိုဖြစ်တဲ့ လက်တလော အနေအထားကိုပဲ ဦးစားပေးတယ်လို့ ထုတ်ပြောပါတယ်။ ဒါဟာ ကလော့ပ်နဲ့ ကြီးမားတဲ့ ကွာခြားချက် ဖြစ်ပါလိမ့်မယ်။
မာကာဟာ အသင်းရဲ့ အသင်းလိုက်လေ့ကျင့်ရေးမှာ မပါဘဲ သီးသန့် ထရိန်နင်တစ်ခုဖြင့် အက်ဆာမှာ ပါဝင်သွားပါတယ်။
ဟာဗေး ဒေးဗစ်၊ နိုင်ယွန်နီ၊ နော်ရစ်၊ ကန်နန်နီယာနဲ့ မာဘာယာတို့လို လူငယ်ကစားသမားတွေကို သောကြာနေ့ စီနီယာလေ့ကျင့်ရေးမှာ အားဖြည့် ခေါ်ယူထားပါတယ်။
ဆိုဘိုစလိုင် ကောင်မလေးထံက YES အဖြေရသွားတဲ့ ကိစ္စကို လီဗာပူးတစ်သင်းလုံး ဝိုင်းစနေတာကြောင့် ဟန်ဂေရီအသင်းခေါင်းဆောင် ခေါင်းမဖော်နိုင်အောင် ဖြစ်နေရပါတယ်။
လေဗာကူဆင် တိုက်စစ်သမား ဝက်ဇ်ကို အလေးအနက် စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ လီဗာပူး အပါအဝင်ဖြစ်ကြောင်း ဂျာမာန်သတင်းတွေက ဆိုပါတယ်။
