

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုတယ်ဆိုရင် ကြီး ၆ ကြီးနဲ့ နယူးကာဆယ်လို အသင်းတွေကို ရင်ဆိုင်ရတဲ့ အဝေးကွင်းမှာ အနိုင်ရလဒ်မျိုးထိ ယူနိုင်မယ့် ပွဲတွေ ရှိရပါမယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။
ထရန့်ကတော့ သူဟာ ဘလွန်းဒီအောသမိုင်းမှာ ဆုအနိုင်ရတဲ့ ပထမဆုံးသော အစွန်လူဖြစ်ချင်တယ်လို့ ထုတ်ပြောလာပါတယ်။
လီဗာပူးဘက်က အီဂျစ် တိုက်စစ်သမား Omar Marmoush ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှု လုပ်ထားကြောင်း ဂျာမာန်သတင်းတွေက ဖော်ပြနေပါတယ်။
အယ်လီဆန်ရဲ့ ဒဏ်ရာက ကာလတို အနေအထားမျိုး မဟုတ်သလို အာဆင်နယ်ပွဲအပြီး နောက်ထပ် ၂ ပွဲမှာ ပါဝင်ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ဆလော့က ပြောပါတယ်။
ခီယေဆာ ဇန်နဝါရီမှာ အငှားထွက်မယ် ဆိုတဲ့ သတင်းတွေကို လီဗာပူးဘက်က ငြင်းဆန်နေဆဲဖြစ်ပြီး သူ့ကို ရေရှည်အတွက် ရည်ရွယ်ပြီး ခေါ်ယူထားတာလို့ ဆလော့ကတော့ တုန့်ပြန်ပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာကုထုံးသမားအဖြစ် အလုပ်လုပ်ခဲ့တဲ့ Robin Sadler ကို လီဗာပူးအသင်းက ပထမအသင်းအတွက် ခေါ်ယူလိုက်ပါပြီ။
အသင်းမှာ ကင်းထောက်နဲ့ လူသစ် စုဆောင်းမှု ဒါရိုက်တာအဖြစ် ၁၂ နှစ်ကြာ အလုပ်လုပ်လာတဲ့ ဒေ့ဗ်ဖယ်လိုးဟာ ဒီနှစ်ကုန်ရင် လီဗာပူးကနေ ထွက်ခွာပါမယ်။
မန်စီးတီးကွင်းမှာ ၎င်းတို့ပရိသတ်တွေရဲ့ အားပေးမှုဟာ ပြင်းထန်အားကောင်းတယ်လို့ ထရန့်က ထုတ်ပြောခဲ့သလို လီဗာပူး vs မန်စီးတီးပွဲတွေအတွင်း ပရိသတ်တွေရဲ့ အားပေးမှုဟာ အမြင့်ဆုံး အနေအထားရှိကြောင်း မှတ်ချက်ပေးပါတယ်။
လီဗာပူးအသင်းဟာ စပါး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အပြိုင် ရတ်စတားအသင်း ကွင်းလယ်လူ Andrija Maksimovic ကို စိတ်ဝင်စားနေပါတယ်။
သောကြာနေ့ အာဆင်နယ် လေ့ကျင့်ရေးမှာ ဆာကာ၊ ကယ်လာဖီအိုရီနဲ့ ဇင်ချန်ကိုတို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။