

လီဗာပူးအသင်းဟာ အဝေးကွင်းမှာ အာဆင်နယ်ကို ၂-၂ ရလဒ် ကစားခဲ့အပြီး မန်စီးတီးနဲ့ ၁ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။
လီဗာပူးအသင်းအနေနဲ့ လာမယ့် ပွဲတွေမှာ လက်ရှိ ပုံစံကို ထိန်းသိမ်းသွားပြီး ရလဒ် ဆက်ယူမယ်ဆိုရင် မန်စီးတီးနဲ့အပြိုင် ဖလားစိန်ခေါ်မယ့်အသင်း ဖြစ်လိမ့်မယ်လို့ သုံးသပ်ခံလာရပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ မိုဆာလာ (၁၆၃ ဂိုး) ဟာ လီဗာပူးကြယ်ပွင့်ဟောင်း ရော်ဘီဖောင်လာနဲ့ သွင်းဂိုးတူ သွားကာ အဆင့် ၉ နေရာထံ ရောက်လာပါပြီ။
ရာသီစက ပွဲအတော်များများကို လွဲချော်ခဲ့တဲ့ ဒါဝင်ဟာ အခုဆိုရင် အသင်းအတွက် ပုံမှန်ကစားပေးနေသလို ဂိုးအတွက်လည်း ကူညီပေးနိုင်နေပြီဖြစ်ကြောင်း ဆလော့က အသိအမှတ် ပြုပါတယ်။
ပထမခြေပဂိုး သွင်းယူပေးခဲ့သူ ဗန်ဒိုက်က ဂိုးရဖို့ လွယ်ခဲ့ပါတယ်လို့ မှတ်ချက်ပေးပါတယ်။ အသင်းဟာ အာဆင်နယ် ခံစစ်ကာကွယ်မှုရဲ့ အားနည်းချက်တွေကို အများကြီး ရှာဖွေထားခဲ့တယ်လို့ သူက ပြောပါတယ်။
ချယ်ဆီး၊ လိုက်ဇစ်၊ အာဆင်နယ်ပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းအရ လီဗာပူးပရိသတ်တွေ ဒါဝင်ကို ချီးကျူးသင့်တယ်လို့ သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ ပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို အီဘူးက ရရှိပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲချိန် ၄၃ မိနစ်ကနေ ၈၁ မိနစ်ထိ ၂-၁ ဖြင့် ဦးဆောင်ထားချိန်အတွင်း ဂိုးရနိုင်ချေ 0.05(xG) ထိ ကျဆင်းသွားပါတယ်။ ဒါဟာ လီဗာပူးအသင်း ဘယ်လောက်ကောင်းကောင်း ပြန်တုန့်ပြန်နိုင်သလဲအတွက် သာဓက တစ်ခုဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ စိတ်ဓါတ်ပိုင်းကပဲ အနိုင်ရလဒ်ကို ဆုံးရှုံးခဲ့တာဖြစ်ပြီး ၂-၁ ဖြစ်ပြီးတဲ့နောက် အနိုင်ကို ထိန်းထားလိုစိတ်က လီဗာပူးကို အခွင့်အရေး ရစေခဲ့တယ်လို့ ရွိုင်ကိန်းက မှတ်ချက်ပေးပါတယ်။
အာနယ်ဆလော့က ကွင်းထဲက အီဘူးဖြစ်ရပ်ကို ေ-ာက်ဟာသကြီးပါကွာ လို့ သူပြောခဲ့တာဖြစ်ပြီး စတုတ္ထဒိုင်ကို ပြောခဲ့တာ မဟုတ်ကြောင်းနဲ့ ဒိုင်တွေ နားလည်မှုလွဲပြီး သူတို့ကို ပြောတယ်အထင်နဲ့ အဝါကတ်ပြတာပါလို့ ပွဲအပြီး တုန့်ပြန်ပါတယ်။