မြက်ခင်းပေါ် ခြေချလာတဲ့ ဟာဗေး၊ ဖရန့်ဖတ် တိုက်စစ်မှူးနဲ့ အသံကျယ်လာခြင်း၊ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းရဲ့ ဖရန့်ဖတ် တိုက်စစ်သမား အိုမာ မာမိုစ့်ကို စိတ်ဝင်စားမှုဟာ အလေးအနက် အခြေအနေဖြစ်ကြောင်း ဂျာမာန်မှာတော့ သတင်းကြီးနေပါပြီ။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ်အဖြစ် အမ်မိုရင်းကို ခေါ်ယူလိုက်ပါပြီ။ ပေါ်တူဂီသားကို ကလော့ပ် နေရာ အစားထိုးဖို့ လီဗာပူး ချိန်ရွယ်ခဲ့သေးပေမယ့် အပြုအမှုပိုင်းဆိုင်ရာ ပစ်ချက်ကြောင့် ဦးစားပေးအဆင့်ကနေ ဖယ်ရှားခဲ့ပါတယ်။

ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ရဲ့ စာချုပ်ကိစ္စအတွက် အသင်းဘက်က ဆွေးနွေးနေဆဲပါလို့ ဆလော့က တုန့်ပြန်ပါတယ်။

ရာသီကြို မပါခဲ့ရတာကြောင့် ရော်ဘတ်ဆန်ဟာ ဒီရာသီမှာ အနည်းငယ် ရုန်းကန်ရမှုတွေ ရှိနေတာဖြစ်ကြောင်း နည်းပြအဖွဲ့က မြင်ပါတယ်။

အောက်တိုဘာလအတွက် ပရိသတ်တွေ ရွေးချယ်မယ့် တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာ မိုဆာလာကော ဗန်ဒိုက်ပါ ပါဝင်နေပါတယ်။

ပွဲဆက်နည်းနေသေးတာကြောင့် ဒါဝင် ဂိုးတွေ သိပ်မသွင်းနိုင်သေးပေမယ့် အရေးအကြီးဆုံးက စိတ်ဓါတ်ပိုင်း ခံယူချက်ဖြစ်ပြီး တိုက်စစ်မှူးထံကနေ အကောင်းမြင်စရာ ခံယူမှုတွေကို မြင်နေရတယ်လို့ ဆလော့က ပြောပါတယ်။

လက်ရှိ ကွင်းလယ်ရဲ့ ၃ နေရာလုံးကို ဝင်ကစားပေးနိုင်တဲ့ တစ်ဦးတည်းသော ကွင်းလယ်လူက မာကာပါပဲလို့ ဆလော့က ဆိုပါတယ်။ မာကာဟာ နံပါတ် ၆ ကော နံပါတ် ၁၀ နေရာမှာပါ သက်သောင့်သက်သာ ကစားနိုင်သူလို့ နည်းပြက မှတ်ချက်ပေးပါတယ်။

အသင်းရဲ့ လာမယ့်ရာသီ ဝတ်ဆင်မယ့် တတိယဂျာစီ ဒီဇိုင်း ပေါက်ကြားလာနေပြီး ၁၉၉၀ ခုနှစ်က စတိုင်တွေကို ဆင့်ပွားထားတာလို့ သိရပါတယ်။

ဘောလုံးကိန်းဂဏန်းဆိုင်ရာ နာမည်ကြီး ဝဘ်ဆိုဒ်ဖြစ်တဲ့ Squawka ကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူက ဂရာဗင်ဘက်ချ်ပါတဲ့။

စီနီယာအသင်းနဲ့အတူ ပူးတွဲ လေ့ကျင့်နေခြင်း မရှိသေးပေမယ့်လို့ ဟာဗေးဟာ မြက်ခင်းပြင်ပေါ် ပြန်ခြေချနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်အပြီးမှာ ဟာဗေး၊ ဂျိုတာ၊ ခီယေဆာတို့ ၃ ဦးလုံး ပြန်ပါလာမယ်လို့ အသံထွက်နေပါတယ်။