NEWS: ဂျိုတာ ပြန်လာနိုင်မယ့် အချိန်

လီဗာပူးအသင်းမှာ ဒဏ်ရာရ ကစားသမား ၄ ဦးထိ ရှိနေပြီး နိုင်ငံတကာ သီတင်းပတ်အပြီးမှာ သူတို့ အားလုံး ပြန်ကစားနိုင်တော့မှာပါ။

ဟာဗေးက မြက်ခင်းမှာ စပြေးနေပြီဖြစ်ကာ ခီယေဆာကလည်း အဆိုးရွားကြီး ဒဏ်ရာရနေတာမျိုး မဟုတ်ဘဲ ပွဲနေ့ ကြံ့ခိုင်ရေးအတွက် မလုံလောက်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ပွဲကြိုမှာတော့ ဂိုးသမား အယ်လီဆန်အကြောင်း မပြောပေမယ့်လည်း ဂျိုတာ ပြန်ကစားနိုင်မယ့် အချိန်ကို ဆလော့က အသိပေးလာပါတယ်။

“ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ဂျိုတာ ပြန်လာနိုင်မယ် မျှော်လင့်ထားတယ်။ နိုင်ငံတကာ သီတင်းပတ်အပြီး နောက်ထပ် ၆ လ၊ ၇ လအကြာတော့ မဟုတ်ပါဘူး (ရယ်လျက်)။

နိုင်ငံတကာသီတင်းပတ် အပြီး ပထမ တစ်ပတ်လောက်မှာတင် သူ ပြန်လာနိုင်မှာပါ။ ဟော်လန်မှာက ဒဏ်ရာကိစ္စက ဦးစားပေးပါ။ အင်္ဂလန်မှာတော့ ဘယ်လို သဘောထားကြလဲ မသိဘူး။

ဒီတစ်ကြိမ် နိုင်ငံတကာသီတင်းပတ်အပြီး ၁ ပတ် ဒါမှမဟုတ် ၂ ပတ်အတွင်း ဂျိုတာ ပြန်လာပါလိမ့်မယ် ” လို့ ဆလော့က ပြောပါတယ်။

ဂျိုတာ မရှိချိန် နံပါတ် ၉ သမားအဖြစ် ဒါဝင် တစ်ဦးတည်း ကျန်ရှိတာပါ။ ဂက်ပိုကို နည်းပြဆလော့က ဘယ်တောင်ပံသမားအဖြစ်ပဲ မြင်ထားပြီး ရံဖန်ရံခါမှာတော့ ဒီယက်ဇ်ကို နံပါတ် ၉ သမားအဖြစ် ထုတ်သုံးလာဖွယ် ရှိနေပါတယ်။